စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ပုံတော် နှင့် ဂုဏ်တော်

     
ဂုဏ်တော်ပွားတဲ့နေရာမှာ ပုံတော်ထက် ဂုဏ်တော်က အဓိကလို့ ပြောတတ်ကြပါတယ်။ ကျေးဇူးရှင်ဆရာတော် အရှင်ဇနကာဘိဝံသကတော့ ဘုရားရှင်ရဲ့ ပုံတော်သပ္ပာယ်ပုံဟာ ဘဂ၀ါဂုဏ်တော်မှာပါတဲ့ “သီရိ” ဘုန်းတော်ပါပဲတဲ့။

ရုပ်ပွားတော်တွေကတော့ မြန်မာပြည်သူတွေ အတွက် တစ်ကယ့်ကို အားကိုးအားထားရာပါ။ ဘာဖြစ်လို့ လဲဆိုတော့ ရုပ်ပွားတော်ကို ဦးချလိုက်ရရင်ပဲ စိတ်ထဲက ကျေနပ်မှုတစ်ခုခုကို ရသွားကြတာပါ။ ရုပ်ပွားတော်တွေကလည်း အရွယ်အစားမျိုးစုံပါ။ စပါးစေ့အရွယ်သေးသေးလေးကနေပြီး အတောင် ၅၀ ကျော်အရွယ် ကြီးကြီးမားမားအထိရှိကြပါတယ်။
အဲဒီလို ရုပ်ပွားတော်အသေးအကြီးတွေကို ဖူးတွေ့ ရတဲ့အခါ ဘဂ၀ါဂုဏ်တော်မှာပါတဲ့ အဏိမာဘုန်းတော်နဲ့ မဟိမာ ဘုန်းတော်ကို အာရုံပြုထားရပါမယ်။

အဏိမာဘုန်းတော်ဆိုတာက မြတ်စွာဘုရားရှင်ဟာ အနုမြူမှုန်မျှ အလွန်သေးငယ်အောင် ဖန်ဆင်းပြီး ပရိက္ခရာရှစ်ပါးလွယ် မုံညင်းစေ့အတွင်းမှာ စင်္ကြကြွတော်မူနိုင်ပါတယ်။

မြတ်စွာဘုရားလက်ထက်တော်က ဗကဗြဟ္မာကြီးကို ကိုယ်ရောင်ဖျောက်ပြတဲ့ ဘုန်းတော်မျိုးပါ။
တစ်ကယ်လို့ ရုပ်ပွားတော်သေးသေးလေးတွေကို ဖူးတွေ့ ရတဲ့အခါ မြတ်စွာဘုရားရှင်ရဲ့ အဏိမာဘုန်းတော်ကို အာရုံပြုပြီး “သြော်……မြတ်စွာဘုရားရှင်ဟာ အနုမြူလောက်ဖန်ဆင်းပြီး မုံညင်းစေ့ထဲမှာတောင် စင်္ကြကြွနိုင်တယ်” လို့ ဆင်ခြင်ပြီး ပူဇော်ရပါမယ်။ အဲဒီလိုမှ မဟုတ်ပဲ “ဟယ်….ဘုရားလေးက သေးသေးလေးပဲ” ဆိုပြီး လက်အုပ်ချီရုံလောက်ပဲ မလုပ်ရပါဘူး။ အဏိမာဘုန်းတော်ကို အာရုံပြုပြီး ပူဇော်ရမှာပါ။

မဟိမာဘုန်းတော်ဆိုတာက ကိုယ်တော်ကို ပကတိအနေအထားထက် ကြီးမားအောင်ဖန်ဆင်းနိုင်တာပါ။

မြတ်စွာဘုရားလက်ထက်တော်က ရာဟုလို့ ခေါ်တဲ့အသူရိန်နတ်မင်းကြီးဟာ ခန္ဓာကိုယ်အလွန်ကြီးမားပါသတဲ့။ အသူရိန်နတ်မင်းကြီးက မြတ်စွာဘုရားဂုဏ်သတင်းကို ကြားပြီး သိပ်ဖူးချင်နေပါတယ်။ ဒါပေမယ့် သူက ဘယ်လိုအတွေးရှိသလဲဆိုတော့ “လူသားဖြစ်တဲ့ဘုရားကို ငါသွားဖူးရင် ငါကငုံ့ ပြီး ကြည့်နေရလိမ့်မယ်” လို့ တွေးထင်ထားတဲ့အတွက် မသွားဖြစ်ပါဘူး။
မြတ်စွာဘုရားဂုဏ်သတင်းကြီးမားသထက် ကြီးမာလာတော့ “အင်း…..အဆင်ပြေသလို ဖူးတာပေါ့လေ” ဆိုပြီး မြတ်စွာဘုရားဆီရောက်လာပါတယ်။ မြတ်စွာဘုရားရှင်က မဟိမာဘုန်းတော်နဲ့ ခန္ဓာကိုယ်ကြီးမားအောင်ဖန်ဆင်းပြီးလဲလျောင်းအဖူးခံတာတောင် အသူရိန်နတ်မင်းကြီးက ဖော်ဖူးပေမယ့် မြတ်စွာဘုရားရှင်ရဲ့ အထက်ပိုင်းကို မမြင်နိုင်ပါဘူးတဲ့။

ဒါကြောင့် အတောင် ၅၀ ကျော်ရုပ်ပွားတော်ကြီးတွေကို ဖူးတွေ့ ရတဲ့အခါ မြတ်စွာဘုရားရှင်ရဲ့ မဟိမာဘုန်းတော်ကို အာရုံပြုပြီး “သြော်…..မြတ်စွာဘုရားရှင်ဟာ အသူရိန်နတ်မင်းကြီးကို သူ့ ခန္ဓာကိုယ်ထက်ကြီးမားအောင် ဖန်ဆင်းပြီး အဖူးခံခဲ့တာပဲလေ” လို့ ဆင်ခြင်ပြီး ဖူးမြော်ရပါမယ်။

တစ်ကယ်လို့ ကိုယ့်အိမ်မှာရှိတဲ့ ရုပ်ပွားတော်ဟာ ၁၀ လက်မလောက်ပဲရှိတယ်ဆိုရင်လည်း “သြော်….မြတ်စွာဘုရားရှင်ဟာ ငါ့အိမ်နဲ့ သပ္ပာယသင့်အောင် ဖန်ဆင်းပြီး သတင်းသုံးနေတယ်” လို့ ဆင်ခြင်ပြီးပူဇော်ရပါမယ်။

လူတွေရဲ့ စိတ်က ခက်တော့ခက်သားပါ။ စပါးစေ့လောက် ရုပ်ပွားတော်လေး ဖူးတွေ့ ရတဲ့အခါ လက်အုပ်ချီရုံ ၊ ဦးချရုံလောက်ပဲ ဖူးကြပါတယ်။ ဘုရားရုပ်ပွားတော်အကြီးကြီးတွေ တွေ့ တဲ့အခါမှာတော့ ပုတီးစိပ် ၊ ပရိတ်ရွတ် ၊ အဓိဋ္ဌာန်ဝင်စသဖြင့် အကြာကြီးဖူးလေ့ရှိကြပါတယ်။

တစ်ကယ်တော့ ရုပ်ပွားတော်တွေ ဖူးတွေ့ ရတဲ့အခါ ကြီးကြီး ငယ်ငယ် သက်တော်ထင်ရှား မြတ်စွာဘုရားနဲ့ တစ်စိတ်တည်းထားနိုင်အောင် ကြိုးစားရမှာပါ။

*ပုံတော်သေးလျှင် အဏိမာပင် တွေးလျှင် ပူဇော်ပါ။
* ပုံတော်ကြီးလျှင် မဟိမာပင် တွေးလျှင် ပူဇော်ပါ။

Credit: ဆရာတော် ရဝေနွယ် (အင်းမ)

https://www.facebook.com/searchmyanmar/photos/a.356889637687313.84429.

ထူးချွန်အောင်မြင်သူများတွင်မတွေ.ရသော အားနည်းချက်များ


               
၁။ နုံအခြင်း
- အလုပ်ကိစ္စအကြောင်းအရာတစ်ခုခုကို စဉ်းစားဆင်ခြင်တာတို.၊ လေ့လာသုံးသပ်တာတို.မလုပ်ဘဲ နားမလည်ပါးမလည်နဲ. လုပ်တတ်တဲ့အပြုအမူမျိုးကိုပြောတာပါ။

၂။ ထိတ်ထိတ်ပျာပျာနိုင်ခြင်း
- အလုပ်တွေအရမ်းများလာပြီး စိတ်ဖိစီးမှုတွေကြုံလာရတာမျိုးကတော့ လုပ်ငန်းတိုင်းမှာရှိပါတယ်။ တခါတရံမှာဆိုရင်ထင်မထားတဲ့ အကြောင်းအရာကိစ္စတွေ ဖြေရှင်းရတာမျိုးတွေလည်းကြုံလာရတတ်ပါတယ်။ အဲ့လိုကြုံလာတဲ့အခါမျိုးမှာကိုယ်ကပါ ထိတ်ထိတ်ပျာပျာနဲ. ဘာလုပ်လို. ဘာကိုင်ရမှန်းမသိ ကြောက်လန်.နေရင်တော့ သေချာပါတယ် အမှားတွေတောက်လျောက်ကြုံတော့မှာပါအဲ့လိုအခြေအနေမျိုးမှာ စိတ်ကိုငြိမ်ငြိမ်ထားပြီး ဆောင်ရွက်ဖြေရှင်းနိုင်မှအဆင်ပြေနိုင်မှာပေါ့။

၃။ အယူသည်းခြင်း
- ကိုယ့်အလုပ်ကို ကိုယ်ထင်ရာမြင်ရာ ကိုယ်သိထားမှတ်ထားတာကိုချည်းပဲစံထားပြီး အယူသည်းလုပ်ကိုင်တာမျိုး ဘယ်အောင်မြင်တဲ့လုပ်ငန်းရှင်မှမလုပ်ပါဘူး။

၎။ အပျင်းထူခြင်း
- အလုပ်ကြိုးစားမှအောင်မြင်မှုရနိုင်မယ်ဆိုတာလူတိုင်းသိပါတယ်။ ပျင်းတိပျင်းရွဲ.နေတတ်တဲ့သူကတော့ ဘယ်တော့မှအောင်မြင်လာမှာ မဟုတ်ပါဘူး။

၅။ အပြောင်းအလဲလွယ်ခြင်း
- Steve Jobs ပြောခဲ့သလိုပါပဲ။ အလုပ်ကိုအစလုပ်ကိုင်တဲ့သူတွေမှာတောင် ကိုယ့်အလုပ်ကိုကျွမ်းကျင်ရုံတင်မဟုတ်ဘဲ ကိုယ့်အလုပ်အပေါ် ခင်တွယ်တဲ့စိတ်ပြင်းပြတဲ့သူမျိုးတွေကသာ အောင်မြင်လာနိုင်တာပါတဲ့။ အဲ့စကားကိုအခြေခံပြီးမှ ကိုယ့်အလုပ်အပေါ်စိတ်နှစ်ပြီး တစိုက်မတ်မတ်လုပ်ချင်စိတ်မရှိဘဲ စိတ်အပြောင်းအလဲလွယ်ပြီး ဟိုအလုပ်ပြောင်းလုပ်ချင် ဒီအလုပ်လည်းပြောင်းလုပ်ချင် ဖြစ်နေတာကတော့ လုံးဝမကောင်းတဲ့စိတ်ဓါတ်နဲ.အပြုအမူမျိုးပါပဲ။

၆။ ခံစားချက်ကိုဖော်ပြလွန်းခြင်း
- မနာလိုတာ၊ ရှက်ရွံ.တာ၊ လိုချင်စိတ်များတာ၊ ခံပြင်းတာ အစရှိသဖြင့်ကိုယ်ခံစားနေရတဲ့ခံစားချက်ကိုထုတ်ဖော်ပြပြီး ကိုယ်နဲ.အလုပ်အတူတူလုပ်နေသူတွေကိုပါ ကူးစက်ခံစားရအောင်လုပ်တာတို.၊ ကိုယ့်ခံစားချက်ကြောင့် တခြားသူတွေကိုဒေါသနဲ.ဆက်ဆံလိုက်တာမျိုးတို.က သင့်အလုပ်ရော သင့်လုပ်ငန်းဖော်တွေကိုရောဆိုးရွားစွာထိခိုက်စေနိုင်ပါတယ်။

၇။ တကိုယ်ကောင်းဆန်ခြင်း
- ကမ္ဘာကြီးကသင်တစ်ယောက်တည်းအတွက်လည်ပတ်နေတာမဟုတ်ပါဘူး။ အလုပ်အကိုင်လုပ်ငန်းဆိုတာကလည်း သင်တော်လွန်းတိုင်း အဆင်ပြေနေမှာမဟုတ်ပါဘူး။ တခါတရံမှာ ကိုယ့်ကိုယ်ကိုယ်တော်လွန်းတယ်လို. တကိုယ်ကောင်းဆန် အထင်ကြီးနေတာက သင့်စွမ်းဆောင်ရည်တွေကိုထိခိုက်စေနိုင်ပါတယ်။ သင်သိဖို.ကသင်အလုပ်လုပ်နေရင် သင့်အလုပ်ရှင်ဆိုတာရှိနိုင်သလို၊ သင့်လုပ်ဖော်ကိုင်ဖက်နဲ. သင်ဆက်ဆံရမယ့် Customer တွေလည်း ရှိနေသေးတယ်ဆိုတာပါပဲ။

၈။ အတိတ်ကိုအစွဲထားလွန်းခြင်း နှင့် အနာဂါတ်ကိုကြိုအတွေးလွန်ခြင်း
- အတိတ်ကအတွေ.အကြုံတွေကို ပြန်လည်သုံးသပ်အသုံးချနိုင်ပေမယ့် တသမတ်တည်းအသေမှတ်မထားသင့်ပါဘူး။ အဲ့လိုပဲအနာဂါတ်ကို ကြိုတင်စဉ်းစားပြင်ဆင်ထားတာကောင်းပေမယ့် လက်ရှိပစ္စုပ္ပန်ကိုအဓိကထားစဉ်းစားလုပ်ကိုင်ရမှာပါ။ ပစ္စုပ္ပန်မှာကောင်းကောင်းလုပ်နိုင်မှ အနာဂါတ်အတွက်အောင်မြင်မှုက သေချာနိုင်မှာပါ။

၉။ ဖြစ်ကတတ်ဆန်းလုပ်ခြင်း
- "အဆင်ပြေရင်ပြီးရော" "ဘယ်လိုဖြစ်ဖြစ်ကောင်းပါတယ်" ဆိုတဲ့စကားမျိုးတွေကို တကယ်အောင်မြင်ထူးချွန်တဲ့သူတွေ ဘယ်တော့မှ မပြောပါဘူး။

၁၀။ စိတ်ထိခိုက်လွယ်လွန်းခြင်း
- ဘယ်အရာကိုမှလွယ်လွယ်ကူကူမခံစားပါနဲ.။ ကိစ္စသေးသေးလေးကိုထိခိုက်ခံစားလွယ်နေရင် သင်တကယ့်လုပ်ငန်းလောကမှာ ဘယ်လိုမှ အဆင်ပြေချောမွေ.နိုင်မှာမဟုတ်ပါဘူး။ အဲ့တာကြောင့်ပဲ တကယ်အောင်မြင်နေတဲ့သူတွေဟာ ဟာသဥာဏ်နဲ. အရာရာကိုဖြေရှင်းတတ်ကြတာပါ။

Wilson Chan (YK)

Credit : Entrepreneur

https://www.facebook.com/Work.com.mm/photos/a.359562060790938.85922.32

အသံလှိုင်းသုံး မီးငြှိမ်းသတ်ကိရိယာ

အမေရိကန်တက္ကသိုလ်ကျောင်းသားနှစ်ဦး တီထွင်လိုက်တဲ့ အသံလှိုင်းသုံး မီးငြှိမ်းသတ်ကိရိယာ
-

အနာဂတ်ကာလမှာ မီးငြှိမ်းသတ်ဖို့အတွက် အသံထိန်းညှိနိုင်တဲ့ စပီကာတစ်လုံးသာ လိုအပ်တယ်ဆိုရင် စိတ်ကူးယာဉ်ဆန်တယ်လို့ ထင်ကြမှာပါ။ အသံလှိုင်းဖြင့် မီးငြှိမ်းသတ်နိုင်တဲ့ သီအိုရီကို နှစ်ပေါင်းအတန်ကြာကတည်းက စမ်းသပ်လေ့လာခဲ့ကြပြီး အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနရဲ့ သုတေသနအေဂျင်စီက ၂၀၁၂ ခုနှစ်မှာ သရုပ်ပြခဲ့ပါသေးတယ်။ အခုအခါမှာတော့ အမေရိကန်တက္ကသိုလ် အင်ဂျင်နီယာကျောင်းသားနှစ်ဦး တီထွင်လိုက်တဲ့ အသံလှိုင်း အသုံးပြု လက်ကိုင်မီးငြိှမ်းသတ်ကိရိယာကို ပထမဆုံးအကြိမ်အဖြစ် မြင်တွေ့ရပြီဖြစ်ပါတယ်။

1

အဆိုပါ မီးငြှိမ်းသတ်ကိရိယာမှာ မီးငြှိမ်းသတ်ရာတွင် ပုံမှန်အသုံးပြုနေကျ ရေမြှုပ်၊ ပေါင်ဒါမှုန့် သို့မဟုတ် ရေကို အသုံးပြုမထားဘဲ ကိရိယာကနေ
ကြိမ်နှုန်းနိမ့်တဲ့ အသံလှိုင်းကို ထုတ်လွှင့်ပြီး မီးငြှိမ်းသတ်နိုင်မှာ ဖြစ်ပါတယ်။ အသံဖြင့် မီးငြှိမ်းသတ်နိုင်တဲ့ လက်ကိုင်ကိရိယာ ရှေ့ပြေးနမူနာပုံစံကို အမေရိကန်ပြည်ထောင်စု ဗာဂျီးနီးယားပြည်နယ်ရှိ ဂျော့ဂ်ျမက်ဆွန်တက္ကသိုလ်က ကွန်ပျူတာအင်ဂျင်နီယာကျောင်းသား ဗီယက်ထရန်နဲ့လျှပ်စစ်အင်ဂျင်နီယာကျောင်းသား ဆက်တ် ရောဘတ်ဆန်တို့က ပူးပေါင်းတီထွင်ခဲ့ကြတာ ဖြစ်ပါတယ်။ သူတို့ တီထွင်လိုက်တဲ့ ကိရိယာဟာမီးငြှိမ်းသတ်တဲ့နည်းလမ်း အပြောင်းအလဲကြီးတစ်ရပ် ဖြစ်လာနိုင်ပြီး နေအိမ်သုံး မီးငြှိမ်းသတ်ကိရိယာတစ်ခုအဖြစ် အသုံးဝင်စေမယ်လိုလည်း
သူတို့နှစ်ဦးက မျှော်လင့်ထားကြပါတယ်။

2

တက္ကသိုလ်ကျောင်းသားနှစ်ဦး တီထွင်လိုက်တဲ့ မီးငြှိမ်းသတ်ကိရိယာနည်းပညာဟာ အသံလှိုင်းက အောက်ဆီဂျင်ကို ဖယ်ထုတ်အစားထိုးနိုင်တဲ့ နည်းလမ်းကို
အခြေခံထားတာ ဖြစ်ပါတယ်။ အသံလှိုင်းက မီးလောင်မှုကို အားပေးတဲ့ အောက်ဆီဂျင်ကို ဖယ်ထုတ်အစားထိုးလိုက်ခြင်းဖြင့် မီးကို ငြှိမ်းသတ်တဲ့
နည်းလမ်းဖြစ်ပါတယ်။ ၃၀ ကနေ ၆၀ ဟာ့ဇ် အတွင်းသာရှိတဲ့ ကြိမ်နှုန်းနိမ့် အသံလှိုင်းဟာ မီးလောင်မှုကနေ အောက်ဆီဂျင်ကို ဖယ်ထုတ်ပြီး မီးငြိမ်းစေခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ ဒီ ကျောင်းသားနှစ်ဦး တီထွင်လိုက်တဲ့ ရှေ့ပြေးနမူနာပုံစံကို အခြေခံပြီး နောက်တစ်ဆင့်အနေနဲ့ သယ်ဆောင်ရလွယ်ကူတဲ့ အသံလှိုင်းသုံး လက်ကိုင်မီးငြှိမ်းသတ်ကိရိယာတွေ အကောင်အထည်ဖော်သွားမှာ ဖြစ်ပါတယ်။

အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနရဲ့ သုတေသနအေဂျင်စီက တီထွင်ခဲ့ဖူးတဲ့ အသံလှိုင်းသုံး မီးငြှိမ်းသတ်ကိရိယာကတော့ အရွယ်အစားကြီးမားတာကြောင့်
သယ်ဆောင်ရမလွယ်ကူပါဘူး။ အင်ဂျင်နီယာကျောင်းသားနှစ်ဦး တီထွင်လိုက်တဲ့ အသံလှိုင်းသုံး မီးငြှိမ်းသတ်ကိရိယာကို အသံလှိုင်းထုတ်လွှင့်စက်၊
အသံထိန်းညှိစက်ငယ်နဲ့ အသံလှိုင်းတွေကို ဦးတည်ရာတစ်ခုဆီ စုစည်းထုတ်လွှင့်ပေးနိုင်အောင် ပုံစံထုတ်ဖန်တီးထားတယ်လို့ ဆိုပါတယ်။
လတ်တလော စမ်းသပ်ပြသခဲ့တဲ့ အသံလှိုင်းသုံး မီးငြှိမ်းသတ်ကိရိယာက အသေးစား မီးလောင်မှုတွေကိုသာ ငြှိမ်းသတ်နိုင်သေးပြီး နောက်ပိုင်းမှာ အကြီးစား
မီးလောင်မှုတွေကိုပါ ငြှိမ်းသတ်နိုင်အောင် ဆက်လက်တီထွင်သွားမယ်လို့ သိရှိရပါတယ်။

Mizzima
.https://www.facebook.com/searchmyanmar/photos/a.356889637687313.84429.1206

“ကိုယ်ပိုင် သာသနာ”



 မြတ်စွာဘုရားဟောကြားတော်မူသော ဓမ္မဒေသနာများမှာ -
●ဓမ္မဝိနယအားဖြင့် နှစ်ပါး၊
●ပိဋကအားဖြင့် သုံးပုံ၊
●နိကာယ်အားဖြင့် ငါးရပ်၊
●အင်္ဂါအားဖြင့် ကိုးတန်၊
●ဓမ္မက္ခန္ဓာအားဖြင့် ရှစ်သောင်းလေးထောင်ရှိပါသည်
ဤမျှများမြောင်လှသော ပရိယတ္တိသာသနာတော်တွင်ဗုဒ္ဓဘာသာဝင်သူတော်စင်တို့ လိုက်နာကျင့်ကြံအားထုတ်ရမည်မှာ “သီလ၊ သမာဓိ၊ ပညာ”ဟူသော
သိက္ခာ သုံးပါးသာ ဖြစ်ပါ၏။

■ပရိယတ္တိသာသနာတော်သည် “ဝိနည်း၊ သုတ္တန်၊အဘိဓမ္မာ”တို့ဖြစ်ပါ၏
■ပဋိပတ္တိသာသနာတော်ဟူသည်“ပညာသာသနာ၊ သမာဓိသာသနာ၊ သီလသာသနာ”ဖြစ်ပါ၏။
■ပဋိဝေဓသာသနာတော်သည် “မဂ်ဉာဏ်၊ဖိုလ်ဉာဏ်”တို့ ဖြစ်ပါသည်။

ပရိယတ္တိသာသနာတော်မှ လာသောနည်းများအတိုင်း သီလ၊ သမာဓိ၊ ပညာကျင့်စဉ်များကို
ကျင့်ကြံအားထုတ်လျှင် ထိုသူ၏သန္တာန်၌ သာသနာတည်ကိန်းလာမည် ဖြစ်ပါသည်။
သီလ၊ သမာဓိ၊ ပညာ ကျင့်စဉ်ကြီး သုံးရပ်သည်ဘုရားရှင်ညွှန်ပြတော်မူသော ကျင့်စဉ်ကြီးများ
ဖြစ်သောကြောင့်၊ ကျင့်သုံးနိုင်လျှင် ကျင့်သုံးနိုင်သလောက်၊ကျင့်သုံးသူထံသို့ ကောင်းကျိုးအဖြာဖြာကို သယ်ဆောင်လာပါလိမ့်မည်။

သီလ၊ သမာဓိ၊ ပညာကျင့်စဉ်များကိုအကြင်ပမာဏမျှ ကျင့်ကြံအားထုတ်ပါအံ့။
ထိုသူ၏ အတွင်းသန္တာန်၌ သာသနာသည် အကြင်ပမာဏမျှပင် တည်ရှိပေလိမ့်မည်။
ထိုပမာဏမျှ ကျင့်ကြံအားထုတ်ပါအံ့။

ထိုသူ၏အတွင်းသန္တာန်၌ သာသနာသည် ထိုပမာဏမျှပင်တည်ပေလိမ့်မည်။ ဘုရားရှင်၏အဆုံးအမ (သာသနာ)ကိုသိက္ခာသုံးပါး အကျင့်မြတ်တရားများ ဖြည့်ဆည်းလိုက်ခြင်းအားဖြင့်၊ ထိုသာသနာသည် မိမိ၏အတွင်းသန္တာန်၌တည်ကိန်းလာပါသည်။“ကိုယ်ပိုင်သာသနာ” အဖြစ်ရောက်ရှိလာပါသည်။
တစ်နည်းအားဖြင့် မိမိ၏အတွင်း သန္တာန်၌ သာသနာပွင့်လန်းလာခြင်း ဖြစ်ပါ၏။
မိမိ၏အတွင်း သန္တာန် ၌ သီလ၊သမာဓိ၊ပညာ သာသနာများ တည်ကိန်းလာမှသာလျှင် သာသနာတော်ကို ကိုးကွယ်ဆည်းကပ်ရကျိုး နပ်ပါလိမ့်မည်။

ဗုဒ္ဓဘာသာဝင် ဖြစ်ရကျိုး နပ်ပါလိမ့်မည်။အချို့သော ပုဂ္ဂိုလ်တို့သည် သူတို့ကိုယ်သူတို့၊
“သာသနာပြုပုဂ္ဂိုလ်”ဟု ခံယူကြွေးကြော်၏။ ကြေညာ၏။ယင်းသို့ သာသနာပြုပုဂ္ဂိုလ်ဟာ အမည်ခံယူထားလင့်ကစား၊ထိုသူတို့၏ အတွင်းသန္တာန်၌ သီလ၊ သမာဓိ၊ပညာ
မည်သော သိက္ခာသုံးပါး မတည်ကိန်းပါ။ သူတို့ ဆောင်ရွက်သော လုပ်ငန်းကလည်း၊ ဂန္ထဓုရဟူသော
ပရိယတ္တိသာသနာပြန့်ပွားရေးနှင့် ဝိပဿနာဓုရဟူသောဝိပဿနာဘာဝနာပြန့်ပွားရေး လုပ်ငန်းဆောင်တာများ
မဟုတ်ပါ။ အတွင်းသန္တာန် ၌လည်း “ကိုယ်ပိုင်သာသနာ”မတည်ကိန်း၊ ဆောင်ရွက်သော လုပ်ငန်းကလည်း
ဂန္ထဓုရ၊ ဝိပဿနာဓုရ မဟုတ်မူလျက်၊ သိဒ္ဓိတင်၊ ချဲဂဏန်းပေး၊ ဗေဒင်ဟော၊ ဓာတ်ဆင်ဓာတ်ရိုက် လုပ်ငန်းများဖြစ်ရကား၊ ထိုသူများသည် အဘယ်သို့လျှင် “သာသနာပြုပုဂ္ဂိုလ်များ” ဖြစ်နိုင်ပါအံ့နည်း။

ဤသည်နှင့်စပ်လျဉ်း၍ “တန့်ဆည်အရှင်ဣန္ဒဝံသာ စာရဆရာတော်”
က ဤသို့ မိန့်တော်မူခဲ့ပါ၏။

“သိက္ခာသုံးပါးကို ကျင့်သုံးနေရင် သိက္ခာတွေပိုင်ဆိုင်နေတာပဲ၊ သာသနာတွေ ပိုင်ဆိုင်နေတာပဲ၊
သာသနာပိုင်တယ်ဆိုတာ အဲဒါပြောတာပေါ့။ ကိုယ်ပိုင်သာသနာပဲ။ မြတ်စွာဘုရားရဲ့ အဆုံးအမတွေကျင့်ရင်
ကျင့်နိုင်သလောက် သာသနာပိုင်နေတာပဲ။ ဒါကြောင့်ရှေးဆရာတော်ကြီးတွေက “သာသနာပိုင်ဖြစ်အောင် ကြိုးစားကြ”လို့ ဆုံးမလေ့ရှိကြတယ်။ ဂိုဏ်းတစ်ဂိုဏ်းရဲ့
သက်တော်ရှည်ဆရာတော်ကြီးတွေရဲ့ “သာသနာပိုင်” ဆိုတဲ့ ဘွဲ့ထူးကို ရည်ရွယ်ပြောတာ
မဟုတ်ဘူး။ မြတ်စွာဘုရားရဲ့ အဆုံးအမ(သာသနာ)ကို ပိုင်အောင် သိက္ခာသုံးပါးကို ဖြည့်ကျင့်ဖို့
ရည်ရွယ်ချက်နဲ့ အမိန့်ရှိတော်မူ ကြတာ”သိပ်မှတ်သားဖို့ကောင်းတဲ့စကားပေါ့။
သာသနာပိုင်ပါမှ သာသနာပြုဟူသော စကားလုံးနှင့် ထိုက်တန်မည်ဖြစ်ပါ၏။ မြတ်စွာဘုရား၏ အဆုံး
အမ ထေရဝါဒသာသနာနှင့် သွေဖည်သော သိဒ္ဓိတင်ပေး၊ ချဲဂဏန်းပေး၊ ဗေဒင်ဟော၊ ဓာတ်ဆင် စသည်တို့ကိုပြုလုပ်နေသူပုဂ္ဂိုလ်များနှင့် “သာသနာပြု”ဟူသော ဘွဲ့ထူးမည်သို့လျှင် ထိုက်တန်ပါမည်နည်း။
-【မင်းနန်(မော်ကျွန်း)】


https://www.facebook.com/youngbuddhistassociation.mm/photos/a.322278357782183.936

“ကံကောင်းထောက်မချိန်ကို မှန်းဆသိနိုင်ဖို့”

 
သတ္တဝါတိုင်းမှာ သံသရာတစ်လျှောက်လုံး ပြုခဲ့တဲ့ကံတွေဟာ ကုသိုလ်ရော၊အကုသိုလ်ရော
နှစ်မျိုးလုံးပဲ ရောပြွမ်း ရှိနေခဲ့တယ်။ ဒီကံနှစ်မျိုးရဲ့ ကမ္မသတ္တိလည်း မပြတ်ဖြစ်ပျက်
စဉ်ဆက်နဲ့ ရှိနေတာပဲ။ အကုသိုလ်ကမ္မသတ္တိတွေက အနုသယသဘောမျိုးနဲ့ ရှိနေကြတယ်။ ကုသိုလ်ကမ္မသတ္တိတွေကတော့ အလေ့အထုံ၊ ပါရမီဓာတ်ခံသဘောမျိုးနဲ့ ရှိနေကြတာပေါ့။

ဥပမာသဘောနဲ့ တင်စားပြောမယ်ဆိုရင် သတ္တဝါတိုင်းရဲ့ သန္တာန်မှာ
● “အနုသယ”အမည်ခံထားတဲ့ အကုသိုလ် အင်ဂျင်ကြီးရယ်၊
● အလေ့အထုံ ပါရမီလို့အမည်ခံထားတဲ့ ကုသိုလ်အင်ဂျင်ကြီးရယ် လို့ အင်ဂျင်နှစ်လုံး အသင့်ရှိနေကြတယ်။

အဲဒီထဲမှာ အကုသိုလ်အင်ဂျင်ကတော့ မပြတ်နှိုးထားတဲ့အတွက် အမြဲတမ်း
အော်တိုမက်တစ်လိုဖြစ်နေတယ်။နှိုးလိုက်တာနဲ့ တစ်ပြိုင်နက် စိတ်အစဉ်မှာ
အကုသိုလ်အင်ဂျင်က နိုးလာတော့တာပဲ။ကုသိုလ်အင်ဂျင်ကတော့ တစ်ခါတစ်လေမှနိုးတဲ့
အင်ဂျင်လို လေးလံနေတတ်တယ်။

သူ့ကို “သတိ” သော့နဲ့ ဖွင့်ပေးနိုင်မှ၊တစ်ချို့များဆိုရင် သတိကို “ဟန်ဒယ်”လို
မြဲမြဲကိုင်ပြီး နာနာလှည့်နိုးပေးမှ နိုးတတ်တာ။

❦ပစ္စုပ္ပန်ကံတွေမှာ အကျိုးအသစ်တွေကို ဖြစ်စေတတ်တဲ့ ဇနကသတ္တိ ဆိုတာလည်းရှိတယ်။

❦အတိတ်ကံဟောင်းတွေကို ချူဆီလို ကူညီပေးတတ်တဲ့ ဥပထမ္ဘကသတ္တိဆိုတာလည်း ရှိတယ်။

❦အတိတ်ကံတွေကို အကျိုးပေးခွင့် မရသေးအောင် ဖိစီးနှိပ်စက်တတ်တဲ့
ဥပပီဠကသတ္တိ ဆိုတာလည်း ရှိတယ်။

❦ဆန့်ကျင်ဘက်ကံတွေရဲ့သတ္တိကို ဖျက်ဆီးတတ်တဲ့ ဥပဃာတက သတ္တိဆိုတာလည်း ရှိတယ်။

အဲဒီလေးမျိုးထဲမှာ ဥပထမ္ဘကသတ္တိရှိတဲ့ ပစ္စုပ္ပန်ကံတွေဟာ ကံဟောင်းအင်ဂျင်ကြီးတွေကို
နိုးအောင် ကူညီပေးတတ်တဲ့ “ချူဆီ”နဲ့တူတယ်တဲ့။

■အကုသိုလ်ကံချူဆီထည့်ပေးရင် အတိတ်ကံအင်ဂျင်နှစ်မျိုးထဲက အကုသိုလ်ကံတွေပဲနိုးထပြီး
ဆိုးကျိုးဒုက္ခတွေပဲ တွေ့ကြုံနေရမယ်။
■ကုသိုလ်ကံချူဆီထည့်ပေးမှ အတိတ်က ကုသိုလ်ကံအင်ဂျင်တွေလည်း နိုးထပြီး၊
ကောင်းကျိုးသုခတွေ တွေ့ကြုံခံစားခွင့်ရမယ်လို့ ဆိုပါတယ်။

ဒီအာစရိယဝါဒအလိုအရဆိုရင်တောအတိတ်ကံတို့ရဲ့ကောင်းကျိုးပေးချိန်
(ကံကောင်းထောက်မချိန်)ဟာ ပစ္စုပ္ပန်မှာအပြုများတဲ့ ကံတို့နဲ့ဆက်စပ်နေတယ်လို့
အဓိပ္ပါယ်ရပါတယ်။ အကုသိုလ်ကံတွေ နိုးထချင်ရင်
“အကုသိုလ် ကံသစ် ချူဆီ” ကိုထည့်၊ ကုသိုလ်ကံတွေ နိုးထထောက်မစေချင်ရင်
“ကုသိုလ် ကံသစ်ချူဆီ”ကို များများထည့်ပေးရမယ်လို့ဆိုလိုတာပါ။

ကုသိုလ်ကံချူဆီကိုမှ “များများ”လို့ အထူးပြု ပြောဆိုရတာကတော့ စောစောက ပြောသလိုပဲ
ကုသိုလ်အင်ဂျင်က နှိုးတဲ့အချိန်နည်းတဲ့အတွက် ချေးကပ်နေတတ်လို့ဖြစ်ပါလိမ့်မယ်။
ဒါကလည်း ကံကောင်းထောက်မချိန်ကိုကိုယ်တိုင်ဖန်တီးသိရှိနိုင်တဲ့ နည်းတစ်နည်းပေါ့။
ဒီလောက်ဆိုရင် “ကံကောင်းထောက်မချိန်” ကို မှန်းဆသိနိုင်လောက်ပြီ ထင်ပါတယ်။
 
-【ဓမ္မဘေရီ အရှင်ဝီရိယ(တောင်စွန်း)】
-【စာရိုက်ပူဇော်သူ - Admin Team of Young Buddhist's Association】

နေလောင်ကာ ခရင်မ်ရွေးချယ်နည်း လမ်းညွှန်

               

- ပေါက်ပေါက်

နွေ ရောက်ပါပြီ။ နေရောင်ထဲမှာပါလာတဲ့ ခရမ်း လွန်ရောင်ခြည်ဟာ အရေပြားရဲ့အနက်ရှိုင်း ဆုံးအထိ ထိုးဖောက်ဝင်ရောက်ပြီး အရေပြားဆဲလ် တွေကို တိုက်ခိုက်ပါတော့တယ်။ ဒါကြောင့် တစ်နေ့တခြား သိသိ သာသာ ပူနွေးလာတဲ့ကမ္ဘာကြီးအတွက် သင့်အသားအ ရေကို ခရမ်းလွန်ရောင်ခြည် အန္တရာယ်မှ ကာကွယ်ထားဖို့ လိုအပ်ပါတယ်။

UV rays ဆိုတာ …

ခရမ်းလွန်ရောင်ခြည်လို့ခေါ်နေတဲ့ Ultraviolet (UV) မှာ UVA ESifh UVB ဆိုပြီးနှစ်မျိုးရှိပါတယ်။

(၁) UVA က အိုမင်းရင့်ရော်ခြင်းကိုဖြစ်စေတဲ့အပြင် အရေပြားအောက် ခြေမှာရှိတဲ့ collagen ကိုပျက်စီးစေကာ အသားအရေအ ဖတ်လန်ခြင်း၊ ခြောက်သွေ့ခြင်းနဲ့အရွယ်မတိုင်မီ အရေပြား အိုမင်းခြင်းကိုဖြစ်စေပါတယ်

(၂) UVB က နေလောင် ခြင်းကိုဖြစ်စေတာကြောင့် ဖြစ်နိုင်ရင် နံနက် ၁ဝနာရီကနေ ညနေ၄နာရီအတွင်း နေပူဒဏ်မခံရင် အကောင်းဆုံးပါပဲ။ ခရမ်းလွန်ရောင်ခြည်ဒဏ်သက်သာစေဖို့ နေပူထဲထွက် တဲ့အခါမှာ

(က)ချည်သားအဝတ်အထည် ချောင်ချောင် ပွပွတွေကိုသာ ဝတ်ဆင်ပါ။
(ခ) အရောင်ဖျော့ဖျော့လေး တွေ ရွေးဝတ်ပါ။
(ဂ) ဦးထုပ်-ထီးဆောင်းပါ။ ( UV ကာ ကွယ်တဲ့ ရောင်ပြန်ထီးတွေက လုံခြုံမှုကိုပေးပါတယ်)
(ဃ) မျက်စိအမြင်အာရုံတစ်ခုလုံးကို ဖုံးအုပ်ပေးနိုင်တဲ့နေကာ မျက်မှန်ကြီးကြီးတပ်ပါ။ (င) နေပူခံခရင်မ်တွေလိမ်းပေးပါ။
(စ) ရော်ဘာဖိနပ်တွေမစီးပါနဲ့။

Sunscreen ဆိုတာ …

Sunscreen ဆိုတာ နေလောင်ဒဏ်ကာ ကွယ်ပေးတဲ့ ခရင်မ်တစ်မျိုးပါ။ အကယ်၍ Sunscreen ခရင်မ်ကို ကြိုတင်လိမ်းထား တဲ့အခါ၊ ထိုခရင်မ်က ခရမ်းလွန်ရောင် ခြည်တွေ အရေပြားထဲသို့ဝင်မလာအောင် ဆီးကြို စုပ်ယူပြီးတော့ ပြင်ပသို့ပြန်ကန် တိုက်ထုတ်ပေးတဲ့အတွက် အသားအ ရေအပေါ် မလိုလားအပ်တဲ့အမည်းစက် အပြောက်တွေ၊ အရေပြားတွန့်ခြင်း တွေ ဖြစ်မလာစေတော့ပါဘူး။ Sunscreen ခရင်မ်ကို မိတ်ကပ်အောက်ခံ အဖြစ် သုံး နိုင်ပါတယ်။ သို့သော် အလှကုန်ဈေးကွက် ထဲမှာ ရောင်းနေတဲ့ Sunscreen အများစု ဟာ UVB ကိုကာကွယ်ဖို့အတွက်သာ အဓိက ထားထုတ်လုပ်လေ့ရှိတာကြောင့် ပစ္စည်းဝယ်တဲ့ အခါ ဘူးခွံပေါ်မှာ ‘ PA + ' စာတန်းပါတဲ့ အမျိုး အစားကိုရွေးဝယ်ခြင်းဖြင့် UVAနှင့် UVB နှစ်မျိုး စလုံးကို ကာကွယ်ပေးပါလိမ့်မယ်။

SPF နံပါတ်တွေဆိုတာ …

UVB ကြောင့် အသားအရေပျက်စီးခြင်းကို ကာ ကွယ်ပေးနိုင်တဲ့ နေလောင်ကာခရင်မ်ရဲ့ စွမ်းဆောင်နိုင်မှု အဆင့်အတန်းကို Sun Protection Factor(SPF) နံပါတ် တွေဖြင့် စံညွှန်းထားသတ်မှတ်လေ့ရှိပါတယ်။ ဥပမာအား ဖြင့် …SPF 50 ကို လိမ်းထားတဲ့သူဟာ နေလောင်ခရင်မ် လုံးဝမလိမ်းတဲ့သူထက် ခရမ်းလွန်ရောင်ခြည်ဒဏ်ကို အဆ ၅ဝကာကွယ်ရာရောက်တယ်လို့ အဓိပ္ပာယ်ရပါတယ်။ ဒါ ကြောင့် SPF ပမာဏများတဲ့ နေလောင်ကာခရင်မ်လိမ်း ထားနိုင်လေ အသားအရေကို ပိုမိုကာကွယ်နိုင်လေပါပဲ။

UVA ပါဝင်မှုဆိုတာ …

အလှကုန်ပစ္စည်းတွေအတွက် UVA ကို PA လို့ နာမ် စားသုံးစွဲ ခေါ်ဝေါ်လေ့ရှိပါတယ်။ UVA အကာအကွယ် ပါဝင်နှုန်း အနည်းအများပမာဏကိုတော့ ခရင်မ်ဘူးခွံတွေ ပေါ်မှာ PA+ (သို့) PA++ (သို့) PA+++ စသည်ဖြင့် ဖော်ပြလေ့ရှိပါတယ်။ “ + ”ပါဝင်မှုများလေ နေရောင် ခြည်ကြောင့် အသားအရေအိုမင်းမှုကို ပိုမိုကာကွယ်နိုင် လေပါပဲ။

နေလောင်ကာခရင်မ်ရွေးချယ်နည်
*************************************
နေလောင်ကာခရင်မ် တွေကို အိမ်ပြင်သို့မထွက်ခင် အနည်းဆုံးမိနစ်၂ဝခန့်အလို ကြိုလိမ်းထားပေးရပါမယ်။

(က) မွေးရာပါအသားမည်းသူများအတွက

အသားမည်း သူတွေမှာ သဘာဝတရားကြီးရဲ့လက် ဆောင်အဖြစ် အသားအရောင်ဖျော့သူတွေထက် အသား အရေဖွဲ့စည်းကြံ့ခိုင်မှု သိပ်သည်းဆပိုရှိနေကြပါတယ်။ ဒါကြောင့် SPF 10 PA+ (သို့) SPF 15 PA+ လောက် သာ သုံးပေးနိုင်ပါတယ်။

(ခ) ရုံးတက်ကျောင်းတက်သူများအတွက်

များသောအားဖြင့် ရုံးတက်ကျောင်းတက်သူများဟာ နေပူထဲတစ်နေ ကုန်မထွက်ကြရပါဘူး။ ရုံးသွား ကျောင်း ပြန်အချိန်လောက်သာ နေပူထဲထွက် ရပြီး ကျန်တဲ့အချိန် တွေမှာ နေရိပ်ထဲ (သို့မဟုတ်)ငေမ ခသည အအေးခန်းထဲ နေ ရသူများဖြစ်တာကြောင့် ခရမ်းလွန်ရောင်ခြည်ဒဏ်ကို ရာ နှုန်းပြည့်မခံရရင် SPF 24 PA++ (သို့) SPF 30 PA+ အမျိုးအစားခရင်မ်ကို နေ့စဉ်လိမ်းပေးရုံနဲ့လုံလောက် ပါပြီ။

(ဂ) နေ့စဉ် နေပူထဲမကြာခဏထွက်နေရသူများ အတွက်

ခရမ်းလွန်ရောင်ခြည် သင့် ခံရသူဖြစ်တာကြောင့် မျက် နှာအစခြေဖျားအဆုံး နေလောင်ကာခရင်မ်လိမ်းပေးထား သင့်ပါတယ်။ ထိုသူများအတွက် အသင့်တော်ဆုံးခရင်မ် များမှာ SPF30 PA++ (သို့) SPF 50 PA+++ တို့ဖြစ် ပါတယ်။

(ဃ) အလည်အပတ်ဈေးဝယ်ထွက်သူများအတွက်

အလည်အပတ်ဈေး ဝယ်ထွက်သူတွေ၊ ဘုရားသွား ကျောင်းတက်သူတွေက နေရိပ်ထဲဝင်လိုက်၊ နေပူပူအောက် ရောက်လိုက်ဖြစ်တာကြောင့် ခရမ်းလွန်ရောင်ခြည်ဒဏ် ကို ရာနှုန်းပြည့်မခံရသော်ငြား နေလောင် ဒဏ်ကြောင့် အသားအရေပျက်စီးနိုင်တာမို့ မပေါ့ဆသင့်ပါဘူး။ အိမ် ပြင်မထွက်ခင်ကတည်းက SPF 30 PA++ ကို ကြိုလိမ်း သွားပါ။

(င) အားကစားလိုက်စားသူများအတွက်

ဥပမာ-နေပူပူအောက် စက်ဘီးစီးသူများ၊ တာဝေး အပြေးသမားများ၊ တောင်တက်သူများဟာ ခရမ်းလွန်ရောင် ခြည်ကို အပြည့်အဝခံစားရတဲ့အပြင် ချွေးထွက်လွန်သူ များဖြစ်တာကြောင့် မိမိအသားအရေကိုကောင်းစွာမစောင့် ရှောက်နိုင်ပါက အရေပြား ပျက်စီးတတ်ပါတယ်။ ကံမကောင်း သူများအတွက် အရေပြားကင်ဆာအထိ ဖြစ်လာစေနိုင် ပါတယ်။ ဒါကြောင့် နေလောင်ကာခရင်မ်ကို လိမ်းလေ့ လိမ်းထမရှိတဲ့ နားရွက်အနောက်ဘက်ကိုလည်း ချန်မထား သင့်ပါဘူး။ နေရောင်ခြည်နဲ့ထိတွေ့မှုအများဆုံးနေရာဖြစ် တဲ့ နှာခေါင်းနှင့်လက်မောင်းအပေါ်ဘက်ပိုင်းတွေကို ခရင်မ် ပို၍ လိမ်းပေးပါ။

အိမ်မှမထွက်ခင် SPF50 PA+++ ကို တစ်ကိုယ်လုံး လိမ်းပေးရုံသာမက ခရင်မ်ဘူးကို မိမိနဲ့အ တူ တစ်ပါ တည်းဆောင် ထားပြီး နေပူ ထဲထွက်ရှိမှု ကြာချိန်ပေါ်မူ တည်လို့ နှစ်နာ ရီ၊ သုံးနာရီခြားတစ် ကြိမ် ခရင်မ်ထပ်မံလိမ်း ပေးပါ။ (လှေလှော်ရွက်တိုက် သူများ၊ ရေကူးသူများက water proof sunscreen SPF50 PA+++ ကို ရွေးချယ်သုံးစွဲပါ)

(စ) အပန်းဖြေကမ်းခြေထွက်လည်သူများအတွက်
နေလောင်ဒဏ် အပြင် ရေလောင်ဒဏ်ပါခံစားရတာ ကြောင့် ရေစိုခံနေရောင်ခြည် ကာ ခရင်မ်အမျိုးအစားဖြစ် တဲ့ (တအေနမ (water proof sunscreen) ကိုသာ ရွေးချယ်ပေးပါ။ SPF50 PA+++ ကိုသုံးပါ။

ဒီ ထက်ပမာဏများတဲ့ နေလောင်ကာ ခရင်မ်ကိုသုံးနိုင်ရင် အကောင်းဆုံးဖြစ် ပါတယ်။ (မဟာသင်္ကြန်ရေကစားသူများ ကျား၊မ အားလုံးသုံးစွဲသင့်တဲ့ နေလောင်ကာအမျိုးအစားဖြစ်ပါ တယ်) အလှအပမြတ်နိုးသူတိုင်း လှသထက်ပို၍ လှနိုင်ကြ ပါစေရှင်။

#TheYangonTimes

https://www.facebook.com/yangonmediagroup/photos/a.335477406471186.83922.334

နှစ်ငါးဆယ်ကျော်က စေတီဟောင်းတစ်ဆူ အမေရိကန်ပြည်ထောင်စုတွင် ရှာဖွေတွေ့ရှိ

           

ပြန်လည်ရှာဖွေတွေ့ရှိခဲ့သည့် စေတီဟောင်းတစ်ဆူ(fb.com/Katie Htet)
လွန်ခဲ့သော နှစ်ပေါင်း (၅၀)ကျော်က မွန်ဆရာတော်တစ်ပါးတည်ထားခဲ့သော စေတီဟောင်းတစ်ဆူကို အမေရိကန်နိုင်ငံ တောတွင်းတစ်နေရာတွင် ရှာဖွေတွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။

အမေရိကန်နိုင်ငံတွင် လွန် ခဲ့သော နှစ်ပေါင်း(၅၇)နှစ်ခန့်တွင် မွန်ဆရာတော်ဦးသီလ၀ံသ တည် ထားခဲ့သော ရွှေတိဂုံစေတီတော် ပုံစံတူ စေတီဟောင်းတစ်ဆူကို အမေရိကန်ပြည်ထောင်စုရှိ နိုင်ငံ ခြားသားတစ်ဦးပိုင် သစ်တောပိုင် နက်ထဲတွင် ပြန်လည်ရှာဖွေတွေ့ ရှိခဲ့ခြင်း ဖြစ်သည်။

ယခုစေတီကိုပြန်လည်ရှာ ဖွေတွေ့ရှိသူမှာ ပိုင်းလော့ဆရာ တော်နှင့် အမေရိကန်မှ ဆရာ တော်၏ ဒကာအချို့တို့ဖြစ်ပြီး စေ တီ၏အောက်ခြေပတ်လည်နှင့် အလယ်ရစ်ထိ အုတ်များကြေမွ ပျက်စီးနေကာ ပြန်လည်မွမ်းမံရန် လိုအပ်နေကြောင်း သိရသည်။

‘‘စေတီက သူများမြေပိုင် နက်ထဲမှာ။ လမ်းမကြီးနဲ့ဆို တော် တော်ဝေးတာ။ ဘယ်သူမှ မသိ နိုင်တဲ့ တောထဲမှာ’’ဟု စေတီ တော်သို့ သွားရောက်ဖူးမြော်ခဲ့ သည့် အမေရိကန်တွင် နေထိုင်သူ မကေသီထက်က ပြောသည်။

အဆိုပါ စေတီကို ၁၉၅၈ တွင် နယူးယောက်ပြည်နယ် Allegany မြို့တွင် မစ္စတာ Gus Ruggieri ဆိုသူ လှူဒါန်းခဲ့သော မြေပေါ်တွင် မွန်ဆရာတော်က ရွှေတိဂုံစေတီတော်ပုံစံတူ အငယ် စားကို တည်ထားကိုးကွယ်ခဲ့ခြင်း ဖြစ်ကြောင်း www.muditabc. org တွင် John de Jardin ဆိုသူ က ရေးသားထားကြောင်း ပိုင်း လော့ဆရာတော်နှင့် နီးစပ်သည့် အသိုင်းအ၀ိုင်းထံမှ သိရသည်။

လွန်ခဲ့သော နှစ်ပေါင်း(၅၇)နှစ်က စေတီတည်ထားရာ နေရာ တွင်ပင် ပိုင်းလော့ဆရာတော်နှင့် အဖွဲ့က ပြန်လည်ရှာဖွေတွေ့ရှိခဲ့ ခြင်း ဖြစ်သည်။ ယခုစေတီတည် ရှိရာ မြေနေရာကို ပိုင်ဆိုင်ထား သော နိုင်ငံခြားသားထံမှ မြေ ကွက်ကို အလှူရှင်များက ပြန်လည်ဝယ်ယူထားပြီး စေတီကို မွမ်းမံပြင်ဆင်ရန် ပြင်ဆင်နေကြသည်။

မွန်ဆရာတော် ဦးသီလ၀ံသလောင်းလျာကို ၁၉၁၂ တွင် မွန်ပြည်နယ်ဝဲကလောင်ကျေးရွာ၌ မွေးဖွားပြီး အသက်(၁၅) နှစ်အရွယ်ရောက်ရှိချိန်တွင် သင်္ကန်းဆီးခဲ့သည်။

၁၉၅၅ တွင် စေတီဘုရား များ စတင်တည်ထားခဲ့သည်။ အိမ်နီးချင်းနိုင်ငံများ ဖြစ်သည့် ထိုင်း၊ ကမ္ဘောဒီးယား၊ နီပေါ၊ အိန္ဒိယနိုင်ငံများသို့ သွားရောက်ခဲ့ပြီး ၁၉၅၈ တွင် အင်္ဂလန်နိုင်ငံသို့ သင်္ဘောဖြင့် သွားရောက်ခဲ့သည်။ထို့နောက် အမေရိကန်နိုင်ငံ နယူးယောက်မြို့ Allegany သို့ ရောက်ရှိပြီး ရွှေတိဂုံစေတီတော်ပုံစံတူကို တည်ထားကိုးကွယ်ခဲ့ခြင်းဖြစ်သည်။


https://www.facebook.com/royalheromedia/photos/a.452811328083074.110728.45279

ဘီလျံနာသူဋ္ဌေးတစ်ယောက်ဖြစ်ဖို့ ဘာဘွဲ့တွေရဖို့ လိုသလဲ




ကမ္ဘာပေါ်က အောင်မြင်နေကြတဲ့ ဘီလျံနာသူဋ္ဌေးကြီးတွေကို လေ့လာခဲ့တဲ့ စစ်တမ်းတစ်ရပ်က သူတို့တွေ ဘယ်လိုပညာရေးမျိုး လေ့လာလိုက်စားပြီး အောင်မြင်မှု ရယူနိုင်ခဲ့သလဲဆိုတဲ့ လျှို့ဝှက်ချက်ကို ထုတ်ဖော် တင်ပြခဲ့ပါတယ်။

ဒီစစ်တမ်းအရ ချမ်းသာကြွယ်ဝပြီး အောင်မြင်နေတဲ့ ဘီလျံနာသူဋ္ဌေးကြီးတွေ ဘယ်လိုဘွဲ့တွေ ယူခဲ့သလဲဆိုတာ လေ့လာ ဖော်ပြထားတာပဲ ဖြစ်ပါတယ်။ စစ်တမ်းမှာ ငါးရာခိုင်နူန်းကျော် ဒါမှမဟုတ် ၂၂ ရာခိုင်နူန်းသော ဘီလျံနာကြီးတွေက အင်ဂျင်နီယာဘာသာရပ်နဲ့ ဘွဲ့ရခဲ့ကြပြီး ၁၂ ရာခိုင်နူန်းက စီးပွားရေးလုပ်ငန်းဘာသာရပ်၊ ၉ ရာခိုင်နူန်းက အနုပညာဘာသာရပ်တွေနဲ့ ဘွဲ့ယူခဲ့ကြပြီး စီးပွားရေးနှင့်ဆိုင်တဲ့ဘွဲ့တွေ၊ သင်္ချာဘာသာရပ်ဘွဲ့ ယူကြတာ နည်းပါးတယ်ဆိုတာ တွေ့ရှိခဲ့ရပါတယ်။ ကျောင်းတွေရှိတဲ့ သင်ကြားမှုဘာသာရပ်တွေကို အားပေး ထောက်ခံတဲ့ အင်ဂျင်နီယာဘာသာရပ်တွေကနေ ဘီလျံနာသူဋ္ဌေးကြီးတွေ မြောက်မြားစွာ မွေးထုတ်ပေးနိုင်ခဲ့ တယ်လို့လည်း စစ်တမ်းက ကောက်ချက်ချထားပါတယ်။

ဒီစစ်တမ်းဟာ ဖိုဘီးစ်မဂ္ဂဇင်းမှာ ပါဝင်ခဲ့တဲ့ ကမ္ဘာအချမ်းသာဆုံး သူဋ္ဌေးအယောက် ၁၀၀ စာရင်းမှာ ပါဝင်ခဲ့တဲ့ သူတွေကို စီးပွားရေးလုပ်ငန်း အချင်းချင်း တိုက်ရိုက်ဆက်သွယ်ဝယ်ယူတဲ့ နည်းဗျူဟာကို အခြေခံပြီး ရလဒ်ကို ဖန်တီးထားတာ ဖြစ်ပါတယ်။ တချို့ဘီလျံနာသူဋ္ဌေးတွေဟာ ငွေရှာဖို့အတွက် တက္ကသိုလ်ပညာရေးကို လက်လွှတ်ခဲ့ရသလို တချို့ဆိုရင်လည်း ကျောင်းက ထွက်ခဲ့ရတာတွေတောင် ရှိခဲ့ပါတယ်။

ဖိုဘီးစ်မဂ္ဂဇင်းရဲ့ အချမ်းသာဆုံးစာရင်းမှာ ဘီလီဂိတ်က နံပါတ် ၁ နေရာမှာ ရပ်တည်နေပြီး ဖေ့ဘွတ်ဝက်ဆိုက် တည်ထောင်သူ မာ့ခ်ဇူကာဘတ်ဆိုရင်လည်း အယောက် ၁၀၀ စာရင်းမှာ အငယ်ဆုံးဖြစ်ခဲ့သလို သူတို့နှစ်ဦးစလုံး ဟားဘတ်တက္ကသိုလ် တက်ရောက်ခဲ့ပေမယ့် ပညာရေး ဆုံးခန်းမတိုင်ခဲ့ကြပါဘူး။

စစ်တမ်းက နောက်ထပ်ပြောတဲ့ အချက်တစ်ချက်ကတော့ အချမ်းသာဆုံး အယောက် ၁၀၀ ရဲ့ သုံးပုံတပုံဟာ ဘွဲ့မရခဲ့သလို ဒီလူတွေရဲ့ ပျမ်းမျှချမ်းသာကြွယ်ဝမှုကတော့ အင်ဂျင်နီယာနဲ့ ဘွဲ့ရခဲ့သူတွေထက် ပိုနည်းပါးတာပဲ ဖြစ်ပါတယ်။

PlanetMyanmar

တတိယအကြိမ်မြောက် Miss Farmer ပြိုင်ပွဲ ကျင်းပ


              
 မြန်မာနိုင်ငံရှိ လယ်တောသူမလေးများ၏ အလှကို ဖော်ထုတ်သည့်အနေဖြင့် တတိယ အကြိမ်မြောက် Miss Farmer ပြိုင် ပွဲကို မတ် ၂၁ရက်က UMFCCI တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရ သည်။

အဆိုပါပြိုင်ပွဲကို မြန်မာနိုင်ငံဆန် စပါးစိုက်ပျိုးထုတ်လုပ်သူများအသင်း မှ ကြီးမှူးကျင်းပခြင်းဖြစ်ပြီး၊ လယ်ယာ ကဏ္ဍတွင်မပါမဖြစ်အရေးပါလှသော လယ်တောသူလေးများ၏ ဘဝနေထိုင်မှုစရိုက်ပုံစံလေးများကို ဖော် ထုတ်သည့် အနေဖြင့် ကျင်းပပြုလုပ် ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းပြိုင်ပွဲနှင့်ပတ်သက်၍ မြန် မာနိုင်ငံဆန်စပါးစိုက်ပျိုးထုတ်လုပ်သူ များအသင်းမှ တွဲဖက်အတွင်းရေးမှူး ဦးစိုးဝင်းက''မြန်မာလယ်ယာကဏ္ဍမှာ လယ်တောသူတွေရဲ့အခန်းကဏ္ဍ ကအလွန်ပဲအရေးပါတာတွေ့ရပါ တယ်။ သူတို့တစ်ယောက်ချင်းစီရဲ့ လုပ်အား၊ အတွေ့အကြုံတွေဟာ၊ သူ့မိသားစုကနေ တစ်ဆင့် တစ်တိုင်း ပြည်လုံးအတိုင်းအတာတစ်ခုအနေ နဲ့ အထောက် အကူပြုပါတယ်။ ဒါကို အန်ကယ်တို့အနေနဲ့ပြန်လည် ဖော် ထုတ်ချင်တဲ့ သဘောပါ။ ပြီးတော့ ဒီ ကလေးတွေကိုလဲ မြေတောင်မြှောက် ပေးချင်တယ်''ဟု ပြောသည်။

အဆိုပါပြိုင်ပွဲတွင် မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ မန္တလေးတိုင်း၊ မကွေး တိုင်း၊ ရှမ်းပြည်နယ်အစရှိသော တိုင်း နှင့်ပြည်နယ်များမှ အမျိုးသမီးများပါ ဝင်ယှဉ်ပြိုင်ကြကြောင်း သိရသည်။

ပြိုင်ပွဲဝင်တစ်ဦးဖြစ်သည့် မစန္ဒီ ဖြိုးက ''ညီမဒီပြိုင်ပွဲလေးကိုစိတ်ဝင်စား လို့ ဝင်ရောက်ယှဉ်ပြိုင်ဖြစ်တာပါ။ ဒီ ပြိုင်ပွဲလေးက တခြားသောပြိုင်ပွဲလေး တွေနဲ့မတူဘူး။ အရမ်းထူးခြားပါတယ်။ တောသူမလေးလိုဝတ်စားပြီးတော့ တကယ့်ကို တောဓလေ့ထုံးစံအတိုင်း သနပ်ခါးလေးတွေပန်းလေးတွေနဲ့ ယှဉ် ပြိုင်ရတယ်။ ညီမကအင်္ဂလိပ်စာနဲ့ ကျောင်းပြီးထားတာပါ။ အလုံမြို့နယ် ကလာရောက်ယှဉ်ပြိုင်တာပါ။ ဒီနှစ် တော့ Top10 ဝင်အောင်ယှဉ်ပြိုင် သွားမှာပါ''ဟုပြောသည်။

တတိယအကြိမ်မြောက်ကျင်း ပသော Miss Farmer ကို ဝင် ရောက်ယှဉ်ပြိုင်ရန် လျှောက်ထားသူ ၇ဝနီးပါးရှိပြီး၊ အဆိုပါပြိုင်ပွဲဝင်များ အား ဆန်ခါတင်အဆင့်ဆင့်ရွေးချယ် ကာ နောက်ဆုံးဖိုင်နယ်ပွဲကို မတ် ၂၉ ရက်တွင်ကျင်းပမည်ဖြစ်ကြောင်း သိ ရသည်။

PP

- ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။

https://www.facebook.com/yangonmediagroup/photos/a.335477406471186.83922.33411

လေယာဉ်မှူးခန်းထဲ အနည်းဆုံး ၂ ဦး ထားရှိရေးဥပဒေ အရေးပေါ်ပြဋ္ဌာန်း


               
ပြင်သစ်နိုင်ငံမှာ ဂျာမန်တန်ဖိုးနည်းလေကြောင်းလိုင်း Germanwings လေယာဉ်တစီး လေယာဉ်မှူးတဦးတည်းရဲ့ လက်ထဲမှာ ပျက်ကျမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ကမ္ဘာ့ လေကြောင်းလိုင်းတွေမှာ လေယာဉ်မှူးခန်းထဲ အနည်းဆုံးလေယာဉ်မှူး ၂ ဦး အမြဲထားရှိရေးဥပဒေကို အရေးပေါ်ပြင်ဆင်ပြဋ္ဌာန်းခဲ့ကြပါတယ်။


ဒီဥပဒေဟာ အမေရိကန်လေကြောင်းလိုင်းတွေမှာတော့ ပြဋ္ဌာန်းထားပြီးဖြစ်ပေမယ့် တခြားလေကြောင်းလိုင်းတွေမှာ ဥပဒေနဲ့ အတိအကျ ပြဋ္ဌာန်းထားတာ မရှိသေးပါဘူး။
လေယာဉ်မှူးတဦး မောင်းခန်းထဲမှာရှိနေရင် နောက်တဦးက အပေါ့အပါးသွားတဲ့ အချိန်အခါမျိုးမှာ အပြင်ထွက်ခွင့်ပေးတာပါ။ ဒါကြောင့် အခုနောက်ဆုံး Germanwings လေယာဉ်ပျက်မှုဟာလည်း ဒီအခြေအနေမျိုးမှာ ဖြစ်ပွားခဲ့တာလို့ ပြင်သစ်စုံစမ်းရေးအရာရှိတွေက အခိုင်အမာကို ယုံကြည်နေကြတာပါ။


Germanwings လေယာဉ်ပျက်ကျမှုမှာ အသက် ၂၇ နှစ်အရွယ် တွဲဖက်လေယာဉ်မှူး Andreas Lubitz ဟာ လေယာဉ်မှူးကြီး အပြင်ထွက်သွားချိန်မှာ တံခါးကို အသေပိတ်ထားလိုက်ပြီး လေယာဉ်ကို တမင်ပျက်ကျအောင် ရည်ရွယ်လုပ်ဆောင်ခဲ့ပုံပေါ်ပြီး လေယာဉ်ပေါ်ပါသူ ၁၅၀ လုံး သေဆုံးခဲ့ရပါတယ်။
ဒါကြောင့် ကနေဒါသယ်ယူပို့ဆောင်ရေးဝန်ကြီးက ကနေဒါလေကြောင်းလိုင်းမှာလည်း လေယာဉ်မောင်းခန်းထဲ အမြဲတမ်း လေယာဉ်မှူး ၂ ဦး ရှိရမယ့်ဥပဒေကို အရေးပေါ်ထုတ်ပြန်လိုက်တယ်လို့ ပြောဆိုပါတယ်။


တချိန်တည်းမှာပဲ နော်ဝေး ရှတလ် Shuttle လေကြောင်းလိုင်း၊ ဗြိတိန်နိုင်ငံရဲ့ အကြီးဆုံးလေကြောင်းလိုင်းဖြစ်တဲ့ အီးဇီးဂျက် easy Jet နဲ့ ဘာလင်လေကြောင်းလိုင်းတွေမှာ လည်း အလားတူဥပဒေကို အရေးပေါ်ပြင်ဆင်ပြဋ္ဌာန်းခဲ့ကြပါတယ်။
DVB

https://www.facebook.com/royalheromedia/photos/a.452811328083074.110728.452793661

မျက်စိအတွင်းတိမ်ရောဂါ


- နေခြည်၊ (ဆေး -၁)။

စာရေးသူက မျက်လုံးမှုန်ပါတယ်။ ဝေးဝေး ဆိုရင် မမြင်ရတော့ပါဘူး။ စာရေးသူတို့ခေတ်မှာတော့ နည်းပညာတွေတိုးတက်လာတော့ စာရေးသူတို့ အဘိုး အဘွားတို့ခေတ်တုန်းကလို ပုံဟောင်းမျက်မှန်ကိုင်းကြီး တွေနဲ့ မှန်ထူထူကြီးတွေနဲ့ ဂိုက်ပဲ့ရတဲ့အဖြစ်မျိုးတော့ မရောက်ကြတော့လို့ တော်သေးတယ်လို့ပဲ ဆိုရမှာပါ။

ဒါပေမဲ့ မျက်စိမှုန်တဲ့သူရော၊ မမှုန်တဲ့သူရော စက္ခုနှစ် ကွင်းရဲ့တန်ဖိုးကိုတော့ အားလုံးသိကြမှာဖြစ်လို့ မျက် လုံးအကြောင်းနဲ့ပတ်သက်ပြီး ဒီတစ်ပတ် မျှဝေချင်တာ ကတော့ အသက်ကြီးတဲ့သူတွေမှာဖြစ်လေ့ရှိတဲ့ သက် ကြီးအိုအတွင်းတိမ် Senile Cataract ပါပဲ။

ဘာကြောင့် Senile Cataract အကြောင်းသိဖို့ လိုတာလဲ
*********************************************************
သက်ကြီးအိုအတွင်းတိမ်တွေဟာ မျက်လုံး အတွင်းထဲက မှန်ဘီလူးခေါ် Lens လေးဟာ နှစ်ရှည် လများ တဖြည်းဖြည်းနဲ့ထူထူလာရာကနေ ဖြစ်လာတဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ အချိန်မှီကုသမှုခံယူရင် ပြန် ကောင်းနိုင်တဲ့ Reversible Disease ဖြစ်ပေမဲ့လို့ အ ကြောင်းအမျိုးမျိုးကြောင့် ကုသမှုနှောင့်နှေးကြတဲ့ အ တွက် တစ်ကမ္ဘာလုံးနဲ့ယှဉ်လိုက်ရင်တော့ ဒီရောဂါဟာ ပဲ ထိပ်ဆုံနားကနေ မျက်စိကွယ်ရခြင်းအကြောင်းရင်း တွေထဲမှာ ပါနေပြန်ပါတယ်။

ဒီလိုမျိုးမဖြစ်သင့်ဘဲ မျက် လုံးကွယ်တယ်ဆိုတာမျိုးမဖြစ်ရလေအောင် စောစီးစွာ စစ်ဆေးကုသနိုင်ဖို့အတွက် မျက်လုံးဝေဒနာရှင်တွေဟာ ဒီရောဂါနဲ့ပတ်သက်ပြီး အခြေခံဗဟုသုတလေးတွေ ရှာ မှီးထားသင့်ပါတယ်။

Senile Cataract အတွင်းတိမ် ဘယ်ကနေ စဖြစ်တတ်သလဲ
***********************************************************
စာရေးသူတို့မျက်လုံးရဲ့ အလင်းဝင်ပေါက် Pupil ကနေဝင်လာတဲ့ အလင်းတန်း အားလုံးဟာ မျက် လုံးမှန်ဘီလူး Lens ကို ဖြတ်ကျော်ရပါတယ်။ အဲဒီလို အလင်းတန်းတွေ ဝင်ရောက်တဲ့ မှန်ဘီလူးလေးဟာ ပုံ မှန်အားဖြင့်ဆိုရင် ခရစ်စတယ်လ် လိုပဲ ကြည်လင်နေပါတယ်။

ဒါ ပေမဲ့ အသက်ကြီးလာတဲ့အခါ တ ဖြည်းဖြည်းနဲ့ မှန်ဘီလူးအတွင်း မှာရှိတဲ့ မှန်ဘီလူးမျှင် Lens Fibres တွေကြားမှာ အရည်တွေ စုဆောင်းလာရာကနေ ကြည်လင် နေတဲ့မှန်ဘီလူးဟာ နောက်ကျိ ပြီး Opaque ဖြစ်လာပါတယ်။

အတွင်းတိမ်မှာ ဘယ်လိုလက္ခ ဏာတွေပြတတ်သလဲ
****************************************************
တိကျပြတ်သားစွာ မြင်နိုင်စွမ်းကျဆင်းခြင်း (Decreased Visual Acuity) ဟာ အသက်ကြီးလို့ဖြစ် တဲ့အတွင်းတိမ်တွေထဲက အပြောအများဆုံးလက္ခဏာ တစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့လည်း ကြည့်လို့မကောင်း တိုင်း အတွင်းတိမ်ပါလို့ပဲ လှေနံဓားထစ်တွက်ထားလို့ တော့ မရပါဘူး၊ အသက်ကြီးလို့ဖြစ်တဲ့ မျက်လုံးရောဂါ တွေထဲမှာ ထည့်သွင်းစဉ်းစားထားတဲ့အနေနဲ့ပဲ အရင် မှတ်သားထားသင့်ပါတယ်။

Senile Cataract ဖြစ်တဲ့သူရဲ့အမြင်အာရုံ ဟာ တစ်မဟုတ်ချင်း မှုန်သွားတာထက် တဖြည်းဖြည်း ချင်းချို့ယွင်းလာတာဖြစ်လို့ Gradual progressive deterioration လို့ပြောလို့ရပါတယ်။ မျက်စိကြည့်လို့ မကောင်းဘူးဆိုတာမျိုးဖြစ်ပြီး ဖြစ်တတ်တဲ့တိမ်အမျိုး အစားအလိုက် လက္ခဏာပုံစံလေးတွေတော့ ကွာခြား နေနိုင်ပါတယ်။

ဥပမာအားဖြင့်ပြောရရင် Posterior sub-capsular cataract လို့ခေါ်တဲ့ မှန်ဘီလူးနောက်ဘက် ခြမ်းမှာဖြစ်တဲ့တိမ်ဆိုရင် မျက်လုံးကြည့်မကောင်းဘူး လို့ပြောရမှာ အဝေးထက်အနီးကို အရင်ထက် ပိုမမြင်ရ တော့တာကို တွေ့ရပါမယ်။ မှန်ဘီလူးရဲ့အလယ် Nucleus မှာဖြစ်တတ်တဲ့ Nuclear cataracts မှာဆိုရင်တော့ အ ဝေးထက်အနီးက သိသိသာသာ ပိုမှုန်လာမှာ ဖြစ်ပါတယ်။

Senile Cataract မှာတွေ့ရလေ့ရှိတဲ့ တ ခြားလက္ခဏာတွေကတော့ အလင်းစူးတဲ့ဒဏ်ကို ခါတိုင်း ထက်ကိုပိုပြီး မခံမရပ်နိုင်တာမျိုး ဖြစ်လာ တတ်ပါတယ်။ တစ်ခါတလေကျရင်တော့ ဒီလိုအတွင်းတိမ်ဖြစ်ခါမှ အစ က မျက်လုံးမှုန်နေတာလေးတွေ ပြန်ကောင်းသွားတတ် ပါတယ်။ ဒါကြောင့် အစတုန်းက အနီးကပ်ရင်မမြင်ရ တဲ့ အနီးမှုန်ဖြစ်နေတဲ့သူတစ်ယောက်မှာ အတွင်းတိမ် လည်းဖြစ်ရော အနီးမှာရှိတဲ့အရာတွေ၊ စာတွေကိုကြည့် လို့ ပြန်ကောင်းသွားတာမျိုးဖြစ်တတ်ပါတယ်။

ဒီလိုပြန် ကောင်းလို့ ဒုတိယအမြင်လွှာရလိုက်တာပဲ Second Sight ရတယ် ဆိုပြီး ဝမ်းသာအားရ ရှိတတ်ပါတယ်။ ဒါ ပေမဲ့ ဒီလိုပြန်ကောင်းတာမျိုးဟာ တစ်ခဏသာဖြစ်တတ် ပြီး ရောဂါရင့်လာတဲ့အခါ မှန်ဘီလူးရဲ့အခြေအနေဟာ ပိုဆိုးလာတာမို့ ဒီလိုမြင်နေရတာလေးပါ ပြန်ပျောက် သွားပါတော့တယ်။

ဒါပေမဲ့လည်း ဒီလက္ခဏာဟာ လူ တိုင်းဖြစ်တဲ့လက္ခဏာ တစ်ခုတော့ မဟုတ်ပါဘူး။ ဖြစ် တတ်တာလေးတွေကို ထောက်ပြခြင်းသာဖြစ်ပါတယ်။

အတွင်းတိမ်မဖြစ်အောင် ဘယ်လိုကာကွယ်သင့်သလဲ
******************************************************
အတွင်းတိမ်မဖြစ်စေဖို့ အတွင်းတိမ်နဲ့ဆက် နွှယ်နေတဲ့ Associated factors တွေကို အတတ်နိုင် ဆုံး ဂရုပြုပေးသင့်ပါတယ်။ ဆီးချို၊ သွေးချိုရောဂါရှိသူ တွေဆိုရင် သွေးအချိုဓာတ်ကို မြင့်တက်မနေအောင် ရောဂါစဖြစ်ကတည်းက ဂရုတစိုက်ဆေးကုသမှုခံယူ သင့်ပါတယ်။

မျက်လုံးကိုထိခိုက်ဒဏ်ရာမဖြစ်အောင် ဂရုစိုက်ရပါမယ်။ သွေးတွင်းမှာ အဆီဓာတ်များပြားတာ ကိုလည်း ဂရုစိုက်ဆေးကုရမှာဖြစ်ပြီး အရက်အလွန် အကျွံသောက်ခြင်းဟာလည်း အတွင်းတိမ်နဲ့ ဆက်စပ် နေတာကိုတွေ့ရပါတယ်။

ယခုခေတ်ဆိုရင်တော့ ခရမ်းလွန်နေရောင် ခြည် Ultraviolet Radiations တွေ အင်မတန်အဆ မတန်မြင့်မားတဲ့အတွက် နေချစ်ချစ်တောက်ပူချိန်တွေ မှာ မဖြစ်မနေအပြင်ထွက်ရတော့မယ်ဆိုရင်တော့ မျက်လုံး ကိုဂရုတစိုက်နဲ့ နေကာမျက်မှန်တပ်ပေးရပါမယ်။ နေ ကာမျက်မှန်ဆိုရာမှာလည်း ကြုံသလိုဝယ်တပ်တာထက် ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်နိုင်မှု ပါမပါဆိုတာကို ဆိုင်မှာ သေချာမေးမြန်းသင့်ပါတယ်။

ဥပမာအားဖြင့် နေကာကိုင်းကြီးကြီးကို UV 400 protection ပါ ပါ တယ် ဆိုတာမျိုးကို ဦးစားပေးရွေးချယ်သင့်ပြီး လှပမှုအ တွက်လို့မြင်တာထက် ကာကွယ်ရေးကို အသားပေးစဉ်း စားသင့်ပါတယ်။

ဒါကြောင့် အနှစ်ချုပ်ရမယ်ဆိုရင်တော့ အ သက်ကြီးလို့ မျက်လုံးတိမ်ဖြစ်တာဟာ အနည်းနဲ့အများ ဖြစ်ကြတာပေမယ့်လို့ ဂရုစိုက်ရင် စိုက်သလို ဖြစ်ပွားမှု နှုန်း အချိန်နောက်ကျနိုင်သလို ကုသမှုလည်း အလျဉ်မီ နိုင်တာမို့ ကာကွယ်ရေးဟာ ကုသမှုထက် ကောင်းပါ တယ်လို့ပဲ တိုက်တွန်းပြီး Senile Cataract နဲ့ပတ်သက် ပြီး ဒီတစ်ပတ်ဆောင်းပါးအကျဉ်းချုပ်ကို နိဂုံးချုပ်လိုက် ပါတယ်။

References; Medscape. WebMd.

- ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။

ခေါင်း ဘယ်နှကြိမ် လျှော်သင့်လဲ


အရေပြားရောဂါအထူးကု ဆရာဝန်တွေနဲ့ ဆံပင်ပညာရှင် တွေက ဆံပင်အမျိုးအစား၊ ဦးရေ ပေါ်မူတည်ပြီး ခေါင်းလျှော်တဲ့အကြိမ်ရေမတူညီနိုင်ဟု ဆိုထား ပါတယ်။ နောက်တစ်ချက်အနေ နဲ့က ဆံပင်ဟာ ဖိုက်ဘာဖြစ်တာ ကြောင့် ခဏခဏလျှော်လေလေ မကောင်းလေလေဖြစ်တာမို့ နေ့ တိုင်းခေါင်းလျှော်ဖို့ မလိုအပ်ဘူး လို့သိရပါတယ်။

မီယာမီတက္ကသိုလ်က သု တေသီတစ်ဦးရဲ့အဆို အရ ဦးရေပြားအဆီဟာ ဆံသားတွေဆီကို မြန်မြန်မရောက်နိုင်တာကြောင့် ဆံသားတွေဟာခြောက် သွေ့နေဆဲဖြစ်လို့ ခေါင်းလျှော် ရည်တွေနဲ့ ခဏခဏလျှော်ပေး စရာမလိုဘူးလို့ သိရပါတယ်။ ဆံလုံးသေးပြီး ဆံပင်လည်းတို မယ်။ ဖြောင့်မယ်ဆိုရင်တော့ ခေါင်းလျှော်ရည်မပါဘဲ လျှော်နိုင်တယ်လို့ဆိုပါတယ်


အကယ်၍ ဦးရေပြား အဆီ ထွက်တာများလွန်းရင်တော့ နေ့တိုင်းခေါင်းလျှော်ရည်နဲ့လျှော်ပေးဖို့လိုအပ်ပါတယ်။ ဦးရေပြားရနံ့မွှေးဖို့ အတွက် ရည်ရွယ်ပြီး နေ့တိုင်း ခေါင်းလျှော်ရည်သုံးပြီး လျှော်တယ်ဆိုရင်တော့ ကြေးချွတ်ဆေး တွေသိပ်မပါတဲ့

 ပေါ့ပေါ့ပါးပါး ခေါင်းလျှော်ရည်လေးတွေပဲရွေး သုံးသင့်ပါတယ်။

ခေါင်းလျှော်ပြီဆိုရင်လည်း အမြှုပ်များများထမှပဲ ဦးရေပြား သန့်သွားတယ်ထင်ကြပေမယ့် တကယ်တမ်းကတော့ အဲဒီလို မဟုတ်ဘဲ ဓာတုဆေးအပြင်း တွေနဲ့ ဆာလဖိတ်ပါနေလို့ ဖြစ်ပြီး ဆံသားရဲ့ရေဓာတ် ကုန်ဆုံးစေတယ်လို့ ဆိုပါတယ်။ 


ဆံပင်ဆိုင်ရာကျွမ်းကျင်ပညာရှင်တွေ ကတော့ ခေါင်းလျှော်ရည် တွေဟာ အရေပြားဆဲလ်တွေ နဲ့ဦးရေပြားကအဆီတွေကို ဖယ်ရှားပစ်တာကြောင့် ဆံပင်ကိုနေ့တိုင်းခေါင်းလျှော်ရည်နဲ့လျှော်လေလေ ဆံပင်အားဖြည့်ပစ္စည်း တွေ ပိုသုံးသင့်လေလေလို့ ဆိုပါ တယ်။ နောက်ပြီး ဓာတုဆေးတွေ သိပ်မပါတဲ့ သဘာဝပစ္စည်းတွေနဲ့ထုတ်တဲ့ ခေါင်းလျှော်ရည်တွေပဲသုံးဖို့ အကြံပြုထားကြပါ တယ်။
7day


https://www.facebook.com/royalheromedia/photos/a.452811328083074.110728.45279366

ရိုးရိုးလေးနဲ့ ကိုယ်အလေးချိန်ကျစေမယ်..




တစ်ချို့အရာတွေက လုပ်ဆောင်ဖို့ လွယ်ကူရိုးရှင်းပေမယ့် အကျိုးသက်ရောက်မှုရှိနေတတ်ပါတယ်။ ခုဖော်ပြပေးမယ့်အချက်တွေကလည်း ရိုးရှင်းပေမယ့် သင့်ရဲ့ကိုယ်အလေးချိန်လျော့ကျစေဖို့ ကူညီပေးနိုင်တာမို့ တစ်ချက်လောက် ဖတ်ကြည့်လိုက်ပါဦး
 
၁။ ရေနွေးသောက်ပါ။
လူတွေ တော်တော်များများဟာ ပူနွေးနေတဲ့ရေထက် အေးအေးလေးရှိတဲ့ အရည်တွေကိုပဲ ပိုနှစ်သက်ကြပါတယ်။ ဒါပေမယ့် သင်ဟာ ကိုယ်အလေးချိန် လျော့ကျချင်တဲ့သူ တစ်ယောက်ဖြစ်လာပြီဆိုရင် သင့်ရဲ့ ကိုယ်အပူချိန်တွေကိုလည်း ထည့်တွက်လာဖို့လိုလိမ့်မယ်။ ပူနေတဲ့ အစားအစာတွေက အစာစားနေစဉ် ဗိုက်ပြည့်တာ လွယ်သွားအောင် ကူညီပေးပါတယ်။ ဒါကြောင့် များများမစားပဲနဲ့ ရေနွေးတွေကို အခုထက် ပိုပြီးသောက်လိုက်ပါ။ ပုံမှန် ရေနွေးကိုပဲ သောက်ဖို့ အဆင်မပြေဖြစ်နေရင် အရသာတစ်ခုခုရှိလာအောင်လို့ ရေနွေးထဲ လက်ဖက်စိမ်းတွေထည့်ပြီး သောက်နိုင်ပါတယ်။
 
၂။ တီဗီကြည့်တဲ့ အချိန်တွေကို လျော့လိုက်ပါ။
စိတ်ဝင်စားတဲ့ ဇာတ်လမ်းခွေတွေ ကြည့်လိုက်ပြီဆိုရင် မုန့်ထုပ်တွေရှေ့ကို ချပြီးတော့ တီဗီရှေ့ အချိန်ကုန်တာက သိပ်မဆန်းပါဘူး။ ဒါပေမယ့် ကိုယ်စားလိုက်တဲ့ မုန့်တွေကြောင့် ကိုယ်အလေးချိန် တိုးလာတယ်ဆိုတာကိုတော့ သတိပေးပါရစေ။ ဒါကြောင့် တီဗီကို လျော့ပြီးကြည့်မယ်ဆိုရင် စားလိုက်တဲ့ မုန့်တွေဆီက ဝင်လာနိုင်တဲ့ ကယ်လိုရီတွေကို ဖယ်ထုတ်ထားပြီးသားဖြစ်နေပါလိမ့်မယ်။
 
၃။ ချောင်နေတဲ့အဝတ်အစား(ညအိပ်အဝတ်) တွေနဲ့ အစာမစားပါနဲ့။
သုတေသန ပြုလုပ်တဲ့သူတွေက ချောင်နေတဲ့ အဝတ်အစားတွေ ဝတ်ပြီး အစာစားနေရင် ပိုပြီးတော့ စားနိုင်တဲ့ အလားအလာရှိတယ် လို့ ဖော်ပြထားကြတယ်။
 
၅။ အစာကြေသွားအောင် အကူအညီပေးတဲ့ အစားအသောက်တွေကို ရွေးစားပါ။
သစ်သီးနဲ့ လုပ်ထားတဲ့ အရည်စတဲ့ အစာကြေအောင် အကူအညီပေးနိုင်တဲ့ အစားအသောက်တွေကို ရွေးချယ်စားသုံးတာက ကယ်လိုရီတွေကို လျော့ကျစေနိုင်ပါတယ်။
 
၆။ အစားအသောက်တွေမှာ စပ်တဲ့အရသာရှိတဲ့ အမုန့်တွေကို ထည့်ပါ။
သုတေသနဖော်ပြချက်အရ အစားအသောက်ကို စပ်ပြီးစားတယ်ဆိုရင် ခန္ဓာကိုယ်မှာ ဓာတုဓါတ်ပြုတာ ပိုပြီး လွယ်ကူစေပါတယ်။ အဲဒါကြောင့် ငရုပ်မုန့်တွေ စားပြီးတာနဲ့ အဆီဓါတ်ပါတဲ့ ဆဲလ်တွေဟာ ဖွံ့ဖြိုးတာပိုပြီး နှေးကွေးစေပါတယ်။
 
၇။ ဝိုင်သောက်ပါ။
ဝိုင်တစ်ရက်ကို ၁ခွက် (သို့) ၂ခွက် သောက်တဲ့အမျိုးသမီးဟာ မသောက်တဲ့သူထက်တော့ ကိုယ်အလေးချိန်ပိုပြီး နည်းပါတယ်။
Credit: Trend
 

ကလေးတို့ရဲ့ နွေအားလပ်ရက်တွေကို ဘယ်လိုကျော်ဖြတ်စေသင့်သလဲ

ကလေးတွေ ကျောင်းပိတ်ပြီဆိုမှဖြင့် ရပ်ကွက်ထဲက အိမ်ရှေ့သစ်ပင်တွေမှာ ဗီနိုင်းကြော်ငြာတွေ ချိတ် ဆွဲလာတာတွေ့ရသည်။ နွေရာသီကလေးများအတွက် ပန်းချီရက်တိုသင်တန်း၊ ကလေးတို့အတွက် အင်္ဂလိပ်သဒ္ဒါ သုံးလပြတ်၊ နွေရာသီကျောင်းပိတ်ရက် ကွန်ပျူတာသင်တန်းစသဖြင့် စသဖြင့်ကြော်ငြာ တွေပဲ ဖြစ်သည်။

သည်ကြော်ငြာတွေက ကလေးမိဘတွေအဖို့ဖြင့် စိတ်ကူးယဉ်စရာတွေ ဖြစ်ကောင်းဖြစ်မည်ထင်ရသော် ငြား ကလေးတို့အတွက်တော့ သူတို့အားလပ်ချိန်တွေကို ဖဲ့ယူကြမည့် မိစ္ဆာတွေ၊ နတ်ဆိုးကြော်ငြာတွေ ဟုထင်ကောင်း ထင်ကြပါလိမ့်မည်။

ယခုဆောင်းပါးကို ရေးနေသည့်မတ် ၃ ရက်မှာပဲ သားအလတ် ပဉ္စမတန်းကျောင်းသားက သူ၏နောက် ဆုံးနေ့ စာမေးပွဲကို ဖြေဆိုပြီးလေပြီ။ သားအငယ်ဆုံး တစ်တန်းကျောင်းသားကတော့ ဖေဖော်ဝါရီ ၂၇ ရက်ကပင် စာမေးပွဲပြီးလေပြီ။ ကလေးနှစ်ယောက် နွေရက်ရှည်ကျောင်းပိတ်ပြီဆိုတော့ မိဘတွေ လည်းခဏတော့ အနားရပြီပေါ့။ စာသင်နှစ်တစ်နှစ်လုံး ကလေးတွေကျောင်းသွားဖို့၊ ထမင်းဘူးထည့် ပေးဖို့၊ ကျောင်းပို့ပေးဖို့၊ ကျောင်းပြန်ကြိုဖို့ စသည်ဖြင့် ကျောင်းအမောတွေက တစ်ပတ်မှာ ငါးရက်လက် မလည်ဖြစ်ရသည်ကိုး။ ကျောင်းရက်ရှည်ပိတ်ပြီဆိုတော့လည်း သူတို့လေးတွေ နောက်နှစ်တက်ရမည့် အရေးအတွက် တွေးရပြီဖြစ်သည်။

ကျွန်တော်ကတော့ ကျွန်တော့်ကလေးတွေကို ကလေးပီပီ ဆော့ကစားခွင့် ပေးထားချင်သည်။ သို့ သော်ကလေးချင်းယှဉ်လိုက်လျှင် သူတို့လေးတွေ နောက်ကျန်နေခဲ့မှာလည်း စိုးရိမ်ပူပန်နေရပြန်သည်။ သို့နှင့်ကလေးနှစ်ယောက်လုံးကို နောက်နှစ်တက်ရမည့် အတန်းစာအုပ်တွေထဲက တစ်နေ့တစ်ပုဒ် စာကူးရေးဖို့၊ စာဖတ်ဖို့ပြီးလျှင် ကစားဖို့အချိန် သတ်မှတ်ပေးခြင်းဖြင့် စည်းကမ်းတကျ ကစားချိန်ကစား၊ နားချိန် အနားပေးဖို့ အမေဖြစ်သူကိုမှာရပါတော့သည်။ ကျွန်တော့်သဘောကဖြင့် ကလေးတွေကို နွေ ရာသီကျောင်းပိတ်ရက်ရှည်မှာ ဦးနှောက်တွေအနားရစေခြင်းပဲဖြစ်သည်။ သို့နှင့် ကျူရှင်တစ်လအနား ပေးရန် ဆုံးဖြတ်လိုက်သည်။ သို့သော်သားအလတ်က နွေရာသီကျောင်းပိတ်လျှင် ပန်းချီသင်တန်းပေး ဖို့မနှစ်ကတည်းကပင် ပြောထားသည့်အတွက် အနီးအနားမှာ ကလေးပန်းချီသင်တန်းဖွင့်လျှင်ဖြင့် ထားပေးဖို့ဆုံးဖြတ်ထားပါသည်။ ကလေးတွေသူတို့ဝါသနာပါတာလေးလည်း လုပ်ပေးစေချင်သည့် သဘောသာဖြစ်ပါသည်။

နွေကျောင်းပိတ်ရက်ရှည်နှင့် ပတ်သက်၍ ဖြတ်သန်းမှုမတူညီကြသော ဘဝတအချို့ကို ကျွန်တော်စဉ်း စားမိပါသည်။ ကျွန်တော်တို့ငယ်စဉ်ကဆိုလျှင် နောက်နှစ်တက်ရမည့် အတန်းအတွက်ကြိုပြီး စာသင် ရလေ့မရှိပါ။ နောက်နှစ်အတွက် ကုန်ကျမည့်စရိတ်အတွက်တော့ တောမှာသွားပြီး မြေပဲကောက်ရ သည်။ ဆွေမျိုးသားချင်းများ စိုက်ကြပျိုးကြသည့် မြေပဲခင်းတွေဆီသွားပြီး မြေပဲကောက်ရသည်။ ရလာ သည့်မြေပဲကို ဆီကြိတ်ပြီး ရောင်းတာလည်းရှိသည်။ အတောင့်လိုက် ပြည်ချင်ဖြင့် ရောင်းရတာလည်း ရှိပါသည်။ နွေကျောင်းပိတ်ရက်တွင် တစ်ဖက်တစ်လမ်းမှ ဝင်ငွေရှာခြင်းဖြင့် ကျောင်းပိတ်ရက်ရှည်ကို ကုန်ဆုံးစေခဲ့ရသည်။

သည်မှာ ကလေးဘဝက စိတ်ဝန်ပိခဲ့တာကို ယခုတိုင်သတိရနေမိပါသည်။ ကလေးသဘာဝ လွတ် လွတ်လပ်လပ် ဆော့ကစားချင်ပါသော်လည်း ကျောင်းစရိတ်ရှာနေရသည့် ဒုက္ခဖြစ်သည်။ ကလေး သဘာဝ ဆော့ကစားနေရမည့်အစား ဝင်ငွေရှာနေရခြင်းပဲ ဖြစ်ပါသည်။ ငယ်ဘဝကို တွေးမိရင်းကျွန် တော့်ကလေးတွေကို ကျွန်တော့်လို မခံစားရစေချင်။ လွတ်လွတ်လပ်လပ် ဆော့ကစားစေချင်သည်။ ငယ်စဉ်က မြေပဲကောက်ရင်း အဆိုတော် ခင်မောင်သန်းလေး၏ မမပန်းကေသီ သီချင်းကိုနားထောင် ရင်း ခရီးသွားချင်စိတ်ပေါက်ခဲ့ပုံကိုလည်း သတိရမိပါသေးသည်။

“မန်းကေသီ ကြည်လဲ့လဲ့ အပြုံးကလေးများနဲ့ ကျွန်တော့်ကို အတည်ဖိတ်ခေါ်သည် အညာမြေ အလှ တွေလည်း နွေရာသီကျောင်းပိတ်ရက်မှာ ဗဟုသုတရစေချင်သည်။ လာခဲ့ပါလားတဲ့ စေတနာစကားနဲ့ အတည် . . . ဖော်ရွေသည် . . . အညာမြေဆီ . . . လာစေချင်လွန်းသည် ဟိုမန်းမြို့က မမကေသီ . .

အိမ်တော်ရာ စေတီဦးစီ မျှော်ရည်ဖူးလို့ ရောက်ခဲ့ရသည် . . . ဦးခန္တီတောင်ပေါ်ဆီ . . မြွေကြီးနှစ် ကောင်ထူးစွာလည်း တက်လာခဲ့တဲ့ ရာဇဝင်ချီ . . . မမမန်းကေသီ . . . အပြုံးကလေး ဝင့်ကာရီ . . စိတ်ဝင်စားအောင်လည်း သူအမြဲပြောသည် ကျွန်တော်မေ့မရပြီ ဟိုမန်းမြို့က မမကေသီ . . .”

သီချင်း၏ဆွဲဆောင်မှုကို ဟိုစဉ်ကကျွန်တော်မဝေခွဲတတ်ပါ။ ကလေးသဘာဝ အော်ဟစ်သီဆိုရင်းဖြင့် ကျွန်တော်မှတ်မိနေသည့် သီချင်းတစ်ပုဒ်သာ ဖြစ်သည်။ ယခု အသက်အရွယ်ရလာမှ ပြန်စဉ်းစားမိ တော့ ဟုတ်တာပေါ့။ နွေရာသီကျောင်းပိတ်ရက်မှာ ကလေးတွေကို ခရီးသွားဗဟုသုတ၊ ဒေသန္တရ ဗဟု သုတရှာပေးရင်း ကောင်းတာပေါ့ဆိုသည့် အတွေးကိုတွေးမိပါတော့သည်။ ရန်ကုန်မြို့လို ကျောတစ် ခင်းစာနေရာလေးတွေမှာ မွန်းကျပ်စွာနေနေကြရသည့် ကလေးတွေအဖို့ သန့်ရှင်းလတ်ဆတ်သည့် လေကိုရှူရိုက်ရင်း ကျေးလက်အငွေ့အသက်ရသည့် လယ်ကွင်းတွေ၊ ယာခင်းတွေဆီခေါ်သွားသင့် တာပေါ့ဟု စဉ်းစားရင်း ကလေးဘဝက ကျေးလက်ရှုခင်းတွေဆီ စိတ်မျက်စိဖြင့် မြင်ကြည့်မိပါသည်။ ကျွန်တော့်ငယ်ဘဝသည် ဝင်ငွေလည်းရ၊ လတ်ဆတ်သည့် လေကိုလည်းရှူခွင့်ရသည့် ကျေးလက်မှာ ကြီးပြင်းခဲ့ရသည့် အရသာကိုပါ ခံစားလိုက်ရပါသည်။

ကလေးတွေရဲ့ ကျောင်းပိတ်ရက်ရှည်ကို မိဘများကဘယ်လိုကုန်လွန်စေသင့်သလဲဆိုသော မေးခွန်း တစ်ခုအပေါ်အခြေခံ၍ ကျွန်တော်သည်ဆောင်းပါးကို ရေးဖို့စဉ်းစားနေဆဲမှာပင် အင်္ဂလိပ်ကဗျာဆရာ ကြီး William Henry Davies ၏ကဗျာတစ်ပုဒ်ကို သတိရမိပါသည်။

“A poor life this if full of care

We have no time to stand and stare”

ဘဝမှာ ခေတ္တခဏမျှ ရပ်နားငေးမောချိန်လေးလည်း ရှိသင့်ပါတယ် . . . ဟု ပြန်ရမည်ထင်ပါသည်။ ဟုတ်ပါသည်။ ကျွန်တော်တို့ရဲ့ ကလေးများကိုလည်း ကျွန်တော်တို့ ပညာရေးစနစ်၏ Life-long Learning ဆိုတာကြီးကို ကျွန်တော်အားမပေးချင်ပါ။ ကလေးတွေကို ကလေးဘဝမှာ ကလေးလိုလွတ် လပ်စွာ ရှင်သန်စေချင်ပါသည်။

စာရေးဆရာကိုတာ၏ စာတစ်ပုဒ်ကို ညွှန်းလိုပါသည်။ မူရင်းစာရေးသူက Charles Handy ၏ The Empty Raincoat ထဲကဟု ဆိုပါသည်။ “Doughnut Principle ဟုဆိုပါသည်။ ဆရာကိုတာကတော့ မြန်မာမှုပြု၍ မုန့်ကတိုးနှင့် ဥပမာပေးပါသည်။ အညာသားဆိုလျှင် မုန့်ကတိုးကို သိပါသည်။ ပဲ၊ ထန်း လျက်အချို့တို့ကို ရောသမမွှေကာ အဆာသွတ်ထားသည့် မုန့်ချိုတစ်မျိုးပါ။ ထားပါတော့။ ရန်ကုန်သား များဆိုလျှင်တော့ J Donut ကိုစားဖူးကြပါလိမ့်မည်။ J Donut ဆိုပါစို့။ အလယ်အနှစ်သား Lemon Cream နှင့် Cream ကိုဝန်းရံထားသည့် ဘေးအကာသားတို့ကို တွေ့ရပါလိမ့်မည်။ မူရင်းစာရေးသူ ချားလ်ဟန်ဒီက လူ့ဘဝကိုဒိုးနပ်နှင့် တင်စားပါသည်။ လူ့ဘဝသည် ဒိုးနပ်မုန့်တစ်ခုလိုပါပဲတဲ့။ ဘဝမှာ အလယ်အနှစ်သားလို အရေးတယူ လုပ်ရမယ့် အစိတ်အပိုင်းတွေရှိသလို အကာသားလို မလုပ်ချင် လျှင်မလုပ်ဘဲ နေလို့ရတာတွေလည်း ရှိပါသည်တဲ့။ အင်္ဂလိပ်လို ပြောရလျှင်တော့ ဘဝမှာလုပ်ကိုလုပ် ရမယ့်အရာ Must တွေရှိနေသလို လုပ်ချင်မှလုပ်လို့ရတဲ့ တစ်နည်းအားဖြင့် ဆန္ဒရှိမှသာ လုပ်ရတဲ့ may တွေလည်း ရှိနေပါသတဲ့။

ကျွန်တော်တို့ ကလေးတွေရဲ့ ဘဝထဲမှာလည်း သူတို့အတွက်လုပ်ကိုလုပ်ရမည့် must တွေဖြစ်တဲ့ ကျောင်းစာတွေကို ကျောင်းဖွင့်ရက်မှာ သင်ကြားရသလို ကျောင်းပိတ်ရက်တွေမှာလည်း သူတို့လုပ်ချင် တာလေးတွေ လုပ်ခွင့်ရစေမည့် may တွေလည်းရှိဖို့လိုမှာ ဖြစ်ပါသည်။ သည်နေရာတွင် ကလေးတို့ အတွက် အပိုဆောင်းအဖြစ် မိဘများက ကျောင်းပိတ်ရက်မှာ ယဉ်ကျေးလိမ္မာလိုသင်တန်းတွေ တက် စေတာကိုဖြင့် ခြွင်းချက်အနေဖြင့် ထောက်ခံပေးလိုပါသေးသည်။ သည်လိုသင်တန်းမျိုးက ကလေး တွေအတွက် စိတ်ခွန်အားကို မြှင့်ပေးသလို၊ ဗုဒ္ဓနှင့်ပတ်သက်သော စာတွေ ကဗျာတွေကိုလည်း သင် ကြားပေးမည်ဖြစ်သည့်အတွက် ဓမ္မအမွေပေးရာလည်းရောက်၍ အားပေးရခြင်းဖြစ်ပါသည်။

ကလေးတို့ ခန္ဓအားလပ်ရက်တွေကို ဘယ်လိုဖြတ်ကျော်စေသင့်သလဲ ဆိုသည်ကတော့ ကလေးတွေ ရဲ့မိဘတို့က အဆုံးအဖြတ်ပေးနေခြင်းထက် ကလေးတွေကိုယ်တိုင်ကိုလည်း ပါဝင်ဆုံးဖြတ်ခွင့်ပေးဖို့ သင့်ပါကြောင်း အကြံကောင်းပေးလိုက်ရပါသည်။

ရည်ညွှန်း-

- အင်တာနက်ဝက်ဘ်ဆိုက်တစ်ခုမှ ‘မြန်မာတွေပညာရေးကို ဘယ်လိုသဘောထားကြသလဲ’ ဆောင်း ပါးကို မှီငြမ်းပါသည်။ ။

Democracy Today Daily

မိသားစုကိုထောက်ပံ့ရန် နှစ် ၄၀ ကျော်ကြာ အမျိုးသားတစ်ဦးအဖြစ် နေထိုင်ခဲ့သော မိခင်

မိသားစုကိုထောက်ပံ့ရန် နှစ်ပေါင်း ၄၀ ကျော်ကြာ အမျိုးသားတစ်ဦးအဖြစ် နေထိုင်ခဲ့သော မိခင်တစ်ဦးအား အီဂျစ်အစိုးရက ဆုချီးမြှင့်



ကိုင်ရို၊ မတ် ၂၄
အီဂျစ်အမျိုးသမီးတစ်ဦးသည် သူမ၏ခင်ပွန်း သေဆုံးသွားပြီးနောက် မိသားစုကို ထောက်ပံ့ရန်နှင့် အလုပ် ရှာဖွေရန် အမျိုးသားတစ်ဦးအဖြစ် ဝတ်ဆင်ကာ နှစ်ပေါင်း ၄၀ ကျော် ကြာ နေထိုင်ခဲ့ကြောင်း Xinhua သ တင်းအရ သိရသည်။

အသက် ၆၅ နှစ်အရွယ် ဆီ ဆာဂါဘာအဘူဒူသည် သူမ၏ဇာ တိဖြစ်သော လူဇော်မြို့တွင် အထင်ကရပုဂ္ဂိုလ်တစ်ဦးဖြစ်လာခဲ့ သည်။
စနေနေ့က ကျရောက်ခဲ့သော အီဂျစ် နိုင်ငံ၏ အမေများနေ့တွင် သူမသည် ထောက်ပံ့ပေးနိုင်ဆုံးသော မိခင်အ ဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

အီဂျစ် သမ္မတ အဗ္ဗဒယ်-ဖာတာအယ်လ်- စီစီသည် တနင်္ဂနွေနေ့က ၎င်း၏ သမ္မတနန်းတော်တွင် ဒူအား ဂုဏ် ပြုခဲ့ပြီး သူမအား စံထားထိုက်သော မိခင်အဖြစ် သတ်မှတ်ခဲ့သည်။
ထို့ အပြင် သူမအား အမေရိကန်ဒေါ် လာ ၆၅၀၀ ခန့် ဆုငွေချီးမြှင့်ခဲ့သည်။

သူမ၏ခင်ပွန်းသည် ၎င်းတို့၏ ပထမ ရင်သွေးအတွက် ကိုယ်ဝန်လွယ်ထားစဉ် တွင် ကွယ်လွန်သွားခဲ့သည်။
သူမ၏မိသားစုအတွက် သူမ တွင် ရွေးချယ်စရာလမ်း မရှိခဲ့ပေ။ ၁၉၇၀ ပြည့်နှစ်များကတည်းက အီ ဂျစ်တွင် အမျိုးသမီးများကို အလုပ် သမားအဖြစ် ငှားရမ်းခြင်း မရှိကြသဖြင့် အမျိုးသားတစ်ဦးကဲ့သို့ ဝတ်ဆင်ကာ အလုပ်ရှာခဲ့ရသည်။

သူမသည် အမျိုး သားတစ်ဦးနှင့် တူစေရန် ဆံပင်တိုညှပ် ခဲ့ရပြီး ခေါင်းပေါင်း ပေါင်းထားရ သည်။ သူမသည် ဖိနပ်တိုက်ခြင်း၊ လယ်သမားလုပ်ခြင်းနှင့် ဆောက်လုပ် ရေးအလုပ်သမားအဖြစ်ပါ လုပ်ကိုင် ခဲ့သည်။
သူမဟန်ဆောင်ထားသည်ကို မသိနိုင်သော ကျေးရွာများတွင် အ လုပ်လုပ်ရန် သူမရွေးချယ်ခဲ့သည်။

''ကျွန်မယောက်ျားသေသွားပေမယ့် နောက်အိမ်ထောင်မပြုပါဘူး။ ကျွန် မရဲ့ တစ်ဦးတည်းသောသမီးအတွက် မိခင်တာဝန်ရော ဖခင်တာဝန်ပါ ကျေအောင် လုပ်ခဲ့ပါတယ်။ ကျွန်မ အလုပ်တွေမျိုးစုံလုပ်တယ်။ ကျွန်မ လေးလံတဲ့ ကွန်ကရစ်နဲ့ ဘိလပ်မြေ အိတ်ကြီးတွေကို ခေါင်းပေါ်တင်ပြီး သယ်ခဲ့တယ်။ သူတောင်းစားအလုပ် ကလွဲလို့ ကျန်တဲ့အလုပ်အားလုံး ကျွန်မလုပ်နိုင်တယ်'' ဟု သူမက အီ ဂျစ်ရုပ်သံချန်နယ် CBC မှထုတ်လွှင့် သော အစီအစဉ်တွင် ခါးသီးစွာ ပြောကြားခဲ့သည်။
Ref : Xinhua

https://www.facebook.com/yangonmediagroup/posts/948127578539496

ကျွန်ုပ်နှင့် ပင်လယ်ပြာ. . .



ကျွန်ုပ်လည်း နွေဦးကာလ မိုးလေကင်းသည့် အချိန်ဖြစ်ပြီး တစ်နှစ်တာ ကာလ ပူပြင်း ပင်ပန်းလှသည့် ဘဝ အမောလည်း ဖြေဖျောက်လိုသည် ဖြစ်သဖြင့် မြန်မာပြည်၏ အလှအပ ကမ်းခြေ တစ်ခုဖြစ်သော ချောင်းသာ ကမ်းခြေသို့ ခရီးတစ်ထောက် ထွက်လာခဲ့၏။ ကျွန်ုပ် နေထိုင်ရာမြို့မှ နေချင်း မပေါက်သဖြင့် ပင်ပန်းစွာ ခရီးထွက်ခဲ့ရလေ၏။ မြန်မာပြည်၏ နာမည်ကျော် ရန်ကုန်-မန္တလေး အမြန် လမ်းမကိုလည်း ဖြတ်ကျော်ခဲ့ရသည် ဖြစ်ရာ မိုင် အနည်းငယ်သာ ဖြစ်ခဲ့သော်လည်း ကားဆရာ၏ ကျေးဇူးဖြင့် ပရိတ်ကြီး (၁၁)သုတ်အား ရွတ်ဖတ်ရလေ၏။ ကျွန်ုပ်လည်း မိမိကိုယ်ကို ကုသိုလ်ရလှပြီ အောင်းမေ့မိ သေး၏။ ခရီးဆက်ခဲ့ရာ ချောင်းသာသို့ ရောက်ခဲ့ပြီဖြစ်၏။

ပင်လယ်ပြင်က ငွေရောင် လှိုင်းကလေးများ တရွေ့ရွေ့လုပ်ရှား နေပြီး လပ်ဆပ်သော လေနုလေးများလည်း ရိုက်ခပ်လာရာ ပင်ပန်းနေသည်များ ပျောက်ကင်းသွားပြီး အားအင်သစ်များ ရရှိလာသည်ဟု ခံစားမိလေ၏။ ကမ်းခြေတလျောက် အတော်အသင့် လမ်းလျောက်မိရင်း ဒီလို ကမ်းခြေမျိုးတွင် အပျံသင်ခဲ့သော ဇင်ရော် အကြောင်း အတွေးထဲဝင်လာရာ ရစ်ချဒ်ဘာခ် (Richard Bach) ရေးသားသော ကမ္ဘာကျော် (Jonathan Livingstone Seagull) ယော်နသံ ဇင်ရော် စာအုပ်ကို သတိရမိသေး၏ ။ အဝေးဆီသို့ လမ်းမျှော်ကြည့် သော်လည်း ဇင်ရော်တစ်ကောင်တစ်လေပင် မတွေ့ရပေ၊ ထို ယောနသံ ကဲ့သို့ ဇင်ရော်အုပ်မှ လုပ်ရိုးလုပ်စဉ် အစဉ်အလာကို ဖေါက်ဖျက် ဆန်ကျင့်လျက် တစ်ကောင်တည်း အကြိမ်ရာချီ ဇွဲမလျော့ဘဲ အပျံကျင့်ခဲ့ရာမှ အောင်မြင်ခဲ့ပုံများကိုလည်း တစ်စတစ်စ တွေးနေမိရာ ကိုယ့်ဘဝကိုလည်း ယော်နသံ ကဲ့သို့ သဘောထားလျက် လုပ်ရိုးလုပ်စဉ် အသိုင်းအဝိုင်းမှ ဆန့်ကျင်၍ မိမိဘဝ တိုးတက်ကြောင်းကို ရှာဖွေ့ရင်း လောက နိယာမများကို လေ့လာရင်း လျောက်လှမ်းနေရသော ဘဝတူများကို ချိန်ထိုး၍ တွေးနေမိသေး၏။

ဇင်ရော်များကို မတွေ့သော်လည်း အဝေး ပင်လယ်ပြင်မှ ငါးဖမ်း လှေကလေး တစ်စီးအား တွေ့ရသည်ဖြစ်ရာ သူ့ဘဝ သူ့အလှနှင့် သူ့မိသားစုအတွက် အသက်ကိုရင်းကာ ငါးဖမ်းနေသူသို့ စိတ်က ရောက်၍သွားပြန်၏။"အိမ်အပြန် အဖေမပါ -" ဆိုသည့် အဆိုတော် ဘိုဖြူ၏ ပြန်ဆိုတေး တစ်ပုဒ်ကို စိတ်တွင် အမှတ်ရ၍ လာပြန်ရာ ကျွန်ုပ်တို့ကဲ့သို ပင်လယ်၏ အလှအပတို့အား တံငါသည် ခံစားနိုင်ပါမလား ဟု စိတ်တွင် တွေးနေမိပြန်လေ၏။ ကျွနု၏ အတွေးထဲတွင် ထို တံငါလှေအား ငေးကြည့်ရင်း ပင်လယ်နှင့် တံငါအို ဝတ္ထုထဲက ဆန်တီယာဂို အဖိုးအိုကို အမှတ်ရနေရင်း အဖိုးအို၏ အားမာန်တွေနဲ့ သူ့ရဲ့စိတ်ထဲက ပြောနေသော (မိုနိုလော့) စာကားသံတွေကို ပြန်ကြားနေမိသေး၏။ ဘဝအတွက် အတွေးပေါင်း များစွာနဲ့ ကမ်းခြေတွင် ထိုင်းရင်း ပင်လယ်၏ မာယာများကို ပုံဖော်လျက် နက်ရှိုင်း ထူးဆန်းလှသော ပင်လယ်ကြီးသည် ကမ္ဘာ၏ သမိုင်းအစကိုဘဲ ပြောပြနိုင်လေမလား ဟုလည်း တွေးမိပါ၏။

ပင်လယ်သည် ငြိမ်နေသည်တော့ မဟုတ်ပေ အပြောကျယ် လှသည့် ပင်လယ်ကြီးသည် ခန့်မှန်းရ ခက်လှ သည်ဖြစ်၍ ဒေါသပြင်းသော မုန်တိုင်းကြီးလည်း ရုတ်တရက် ဖြစ်လာနိုင်သည် ပင်ဖြစ်၏။ဆူနာမီ ကိုလည်း ဖန်တီနိုင်ကြောင်း တွေးနေမိပြန်ပါသည် သမုဒ္ဒရာ ရေတွင် ပွက်သည့် ရေပွက် ကလေးအား ဥပမာပေး ရေးသားခဲ့သော နန္ဒသူရိယ အမတ်ကြီး၏ စာပေကိုလည်း သတိရမိပြန်ပါသေးသည်။

အတွေးများနှင့်အတူး ညနေခင်ပင်လယ်၏ နေဝင်ချိန်က လှပ၍ နေလေတော့သည် ။ဘဝနေဝင်ချိန်လှပဖို့ရာအတွက် ပြင်ဆင်ထားရမည့် တရားဓမ္မဆိုသည့် အရာမှာလည်း မေ့ပျောက်ထား၍ မရသည်ကို နေဝင်ချိန်က သတိပေးနေလေ၏ ။ ကျွန်ုပ်လည်း နေဝင်ပြီဖြစ်ရာ အတွေးများကို ဖြတ်လျက် တည်းခိုဆောင်သို့ ပြန်လာခဲ့ရင်း ပင်လယ်ပြင်မှ အတွေးများက ကျွန်ုပ်၏ ရင်တွင် ဘယ်တော့ခါမှ ပျောက်ကွယ်သွားမည် မဟုတ်ပေ။ ။

ချောင်းသာအမှတ်တရ
Lazy Cat (ရိုးရာလေး)

https://www.facebook.com/yoyarlaydotcom/photos/a.247917771918149.56547.17164776

ပျော်စရာကောင်းပြီး အလုပ်တွင်ကျယ်တဲ့ အလုပ်ခွင်တစ်ခုဖြစ်အောင်ဘယ်လိုဖန်တီးမလဲ ???

                                  



တပတ်တာကာလမှာ အလုပ် ၄၅နာရီလုပ်ရတယ်ဆိုပါစို.။ ၁၇နာရီနီးပါးလောက်က အလုပ်မှာအကျိုးမရှိတဲ့ အချိန်ပိုသက်သက်သာဖြစ်ပါတယ်။ အဲ့လိုအချိန်တွေမှာဘာလုပ်သင့်လဲ ? အလုပ်သူအလုပ်သားအချင်းချင်းပေါင်းသင်းဆက်ဆံရလွယ်ကူမယ့် Social Media အသုံးပြုမှုမျိုးလေးတွေလုပ်ပြီး မသိတာတွေမေးတာ၊ သတင်းအချက်အလက်တွေဝေငှတာမျိုးတွေလုပ်ပါ။

အလုပ်က၀န်ထမ်း ၅၅% လောက်ကသူတို.အလုပ်တွင်ကျယ်မှု အလုပ်လုပ်နိုင်မှုဟာ သူတို.အသုံးပြုရတဲ့ Software တွေနဲ. တိုက်ရိုက်ပတ်သက်မှုရှိတယ်လို.ဆိုပါတယ်။ ဒါဆိုရင် သူတို. အသုံးပြုဖို.လိုအပ်တဲ့ Software တွေဟာ သူတို.အတွက်ရော အလုပ်ရှင်ဖြစ်တဲ့ သင့်အတွက်ပါအဆင်ပြေအကျိုးရှိနိုင်လားစဉ်းစားပါ။ ပြီးရင် သင်ကြားပို.ချခြင်းတွေလည်းမကြာခဏဆိုသလို ၀န်ထမ်းတွေကိုပြုလုပ်ပေးပါ။ ဒါမှအလုပ်ကိုအထောက်အကူပိုဖြစ်လာနိုင်မှာဖြစ်ပါတယ်။

အလုပ်လုပ်နေရတဲ့သူတွေရဲ. အလုပ်ချိန် ၅.၆ နာရီလောက်က အစည်းအဝေးပြုလုပ်ရတာတွေနဲ.ကုန်ဆုံးနေပါတယ်။ အလုပ်လုပ်နေရတဲ့သူတွေထဲက ၆၉% လောက်က ဒီလို အစည်းအဝေးတွေပြုလုပ်တက်ရောက်နေရတာက အလုပ်မဖြစ်လှဘူးလို. ထင်နေပါတယ်။ အဲ့တော့ တတ်နိုင်ရင်အစည်းအဝေးပြုလုပ်တဲ့အချိန်တွေ ကိုလျော့ချပါ။ သာမန်မတ်တပ်ရပ်ရင်းဆွေးနွေးပြောဆို ကြတာမျိုး၊ နေ.လယ်စာနားချိန်အပြီး ခဏဆွေးနွေးမှုတွေပြုလုပ်ကြတာမျိုးလေးတွေ ပြုလုပ်ပေးပါ။

၃၄% သောအလုပ်လုပ်နေတဲ့သူတွေကသာ အလုပ်နဲ.အားလပ်ချိန်ကိုထိန်းညှိလုပ်ဆောင်တဲ့ အချိန်ဇယားတွေ၊ Application တွေကိုအသုံးပြုကြပြီး အလုပ် ပိုတွင်ကျယ်အောင်ကြိုးစားလျက်ရှိကြပါတယ်။ ၆၀% လောက်ကတော့ အလုပ်ချိန်နဲ. အားလပ်ချိန်ညီမျှခြင်းမရှိဘဲ ထိန်းညှိစနစ်ချဖို.လည်း မကြိုးစားတဲ့အခါမှာ အလုပ်ကလည်း ထင်သလောက်မတွင်ကျယ် မအောင်မြင်တော့ပါဘူး။ ဒီလိုအခြေအနေမျိုးမှာ တတ်နိုင်ရင် အလုပ်က၀န်ထမ်းတိုင်းနဲ.အဆင်ပြေမယ့် အလုပ်အချိန်ဇယားဆွဲနည်း အသုံးချနည်းမျိုးတွေသင်ကြားလမ်းပြသင့်ပါတယ်။

အကြမ်းဖျင်းအားဖြင့်အလုပ်ဝန်ထမ်းတစ်ယောက်ဟာ တစ်ရက်ကို E-mail ၄၂စောင်နီးပါးလောက်လက်ခံနေရတာဖြစ်တဲ့အတွက် E-mail နဲ.ပတ်သက်ပြီး အကျိုးရှိရှိအသုံးပြုနိုင်ဖို. လျင်မြန်ကောင်းမွန်အောင် အသုံးပြုနိုင်ဖို. သင်ကြားပေးတာမျိုးတွေပြုလုပ်ပေးသင့်ပါတယ်။

အလုပ်ထင်သလောက်မတွင်ကျယ်ရတဲ့အကြောင်းရင်းတွေက.....
၃၂% ကတော့ အလုပ်ရဲ.ရည်ရွယ်ချက်ကိုမသိခြင်း၊ အလုပ်ထဲကအသင်းအဖွဲ.တွေနဲ.ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုမရှိခြင်းနဲ. အကျိုးသိပ်မရှိတဲ့ အစည်းအဝေးတွေပြုလုပ်ခြင်းတွေကြောင့်ဖြစ်ပါတယ်။
၂၉% ကကျတော့ အချိန်ဆွဲလုပ်ဆောင်တတ်ခြင်းကြောင့်ဖြစ်ပြီး
၃၁% ကတော့အဓိကနဲ.သာမညမခွဲခြားတတ်ခြင်းတို.ကြောင့်ဖြစ်ပါတယ်

Wilson Chan (YK)

Credit : Pinterest

“သတိနှင့် နေထိုင်”

 
တရားကိုတော့ တေးလိုဆို၊
ဖအေကိုတော့ သားကဆဲ၊
ဆွေမျိုးထဲက ဓားပြတိုက်၊
မိုက်လျှင်တော့ သောတာပန်
မကောင်းကြံက သမာဓိ။
ရွှေရှိမှ လူလိမ္မာ၊လိမ်နိုင်မှ သစ္စာရှင်
ပညာရှင်ကို ပယ်လို့ထား
အချစ်ဆုံးမယားက သစ္စာပျက်
ရိုးသားသူကို အရူးလို့ဆို
အပျိုငယ်က လင်နေစော
အင်္ကျီပါးနှင့် ဥပုသ်သည်
ဇရပ်အလယ်မှာ ကိုးယို့ကားယား၊
အမျိုးကောင်းသမီးက ပိုက်ဆံရှာ၊
အပျိုမဖြစ်ခင်က ရည်စားများ၊
ဆင်းရဲသားက သူဌေးယောင်ဆောင်၊
အ၀တ်ပြောင်မှ လူရိုသေ၊
လင်ရှိမယားက အပျိုလုပ်
မသာပို့ရင် လူပျိုလှည့်၊
အလှူပေးရင်း ထမင်းရောင်း၊
ဆယ်အိမ်ခေါင်းက စိတ်ကြီးဝင်
ဆံပင်ဖြူအရွယ်ကို ဆိုးဆေးဆိုး၊
ဘိုးသူတော်က ဘိုဆံတောက်ချ၊
အပျိုပေါက်စနှစ်လင်ယူ
လူရင်းနှီးတော့ အတိုးချ
သူခိုးဓားပြက လူလို့အော်
မရှောင်တမ်းတိုးတာ တစ်ခုလပ်
စပ်စုတော့က အပျိုဟိုင်း၊
နဂိုရှိုင်းတော့ လူကျပန်း
ဘုရားကျောင်းကန်နှင့် ကပ်လို့လိမ်
ပုရ၀န်အတွင်း အိမ်ထောင်ကျ၊
မယ်သီလက အခုဆေးဖော်၊
ရတနာသုံးပါးကို မကြည်ညို၊
ကြေးစည်အိုတနောင်နောင်နဲ့ ဘိန်းစားပုန်း။
လူ့လောက၌ စိတ်ကူးယဉ်၊ ပွဲသဘင်ပါမှ အလှူဖြစ်။
ဆယ်နှစ်သမီးက အိမ်ထောင်ကျ၊
စာမတတ်သူက တရားပြ၊
အသက်မွေးမှုနှင့် ရဟန်းတု
အမှန်ပြောလျှင် အမုန်းပွား၊
ဇာတ်သမားမှ လူခေါ်ချင်၊
သူတော်စင်ကို ပယ်ချန်ထား၊
ကျွေးမွေးသူက ကျွန်နှင့်တူ၊
ကြွေးယူသူက သခင်ဖြစ်။
မုန့်ပေးလျှင် ကျမ်းဂန်တတ်၊
ရွှေကပ်တဲ့ဘုရားမှ လူရိုသေ
သားသမီးက သခင်ဖြစ်
အဖေအမေ ကျွန်နှင့်တူ။
ခေတ်ကြီးကိုတော့ အဖြစ်ဆို
ကိုယ့်ကိုယ်ကိုကျ အကောင်းပြော
မတရားသူအား အကြောက်များ၊
ဥပုသ်သည်၌ အကောင်းကြိုက်၊
ဂုံးတိုက်တော့ ကျေးဇူးရှင်
ဖြောင့်မှန်နေလျှင် လူမသုံး
အင်္ကျီပါးဝတ်တော့ ဂုဏ်ထင်ပေါ်
သူတော်စင်မှာ အကျင့်ပျက်။
သုတ်အဘိဓမ္မာ တရားခက်
သဂြိုဟ်ကျက်ရင်း ငါးကိုထောင်၊
ဥပုသ်ဇရပ်မှာ ခိုက်ရန်ဖြစ်၊
သီလယူရင်း မျက်စပစ်
မေတ္တာပို့ရင်း ဒေါသထွက်၊
သဒ္ဓါလွန်တော့ တဏှာကျွန်ဖြစ်လို့၊
သူတော်ကောင်းတို့ တရားပျက်ကြပြီ။။
-【ဗန်းမော်ဆရာတော်ဘုရားကြီး
 

ဆံပင်မညှပ်မီ သိထားရမယ့် အချက် (၆) ချက်



ဆံပင်ပုံစံက မိမိရုပ်ကို အကျိုးသက်ရောက်စေနိုင်တာမို့ ဖြစ်နိုင်သလောက် အကောင်းဆုံး ညှပ်ချင်ကြပါတယ်။ ကိုယ်နဲ့ မလိုက်ဖက်တဲ့ ဆံပင်ပုံစံမညှပ်မိအောင် အောက်ပါအချက် (၆) ချက်ကို သတိပြုဖို့လိုအပ်ပါလိမ့်မယ်

၁။ သင့်တော်မှန်ကန်တဲ့ အလှပြင်ဆိုင်ကို ရွေးချယ်ခြင်း

အပြင်မှာ ရိုးရာဆန်ဆန်၊ ခေတ်ဆန်ဆန် ဆံပင်ညှပ်ဆိုင်တွေနဲ့ အလှပြင်ဆိုင်တွေ ပုံစံမျိုးစုံရှိကြတယ်။ အဲ့ဒါကို သင်ဘယ်လို ရွေးချယ်မှုလုပ်မလဲ။ အကောင်းဆုံး နည်းလမ်းက မိမိသူငယ်ချင်း အပေါင်းအသင်းတွေရဲ့ ပြောစကားမှ တဆင့် သို့မဟုတ် ကိုယ်တကယ် သဘောကျမိတဲ့ ဆံပင်ပုံစံရှိသူ တစ်စုံတစ်ယောက်ဆီကနေတဆင့် ရွေးချယ်တာ ကောင်းဆုံးဖြစ်ပါတယ်။

၂။ ဆံပင်မညှပ်မီ အရောင်တစ်ခုခု ဆိုးထားပါက မညှပ်ခင် ဒီအချက်ကို ထည့်စဉ်းစားခြင်း

သင်ဟာ ဆံပင်အရောင်ကို မညှပ်ခင် ထည့်မစဉ်းစားထားဘူးဆိုရင် ညှပ်ပြီးသွားရင် ကြည့်မလှစေတာတွေ ဖြစ်စေတတ်ပါတယ်။

၃။ ဆံပင်သား ကြမ်းမှု၊ ချောမှု အနေအထား

ဘယ်ဆံပင်အမျိုးအစားက ဘယ်လိုဆံပင်ပုံစံနဲ့ ပိုလိုက်တတ်လဲဆိုတာ အားလုံး ပိုသိကြပါတယ်။ ဒါကြောင့် မညှပ်ခင် မိမိဆံပင် အမျိုးအစားက အဖြောင့်လား၊ အကောက်လား သို့မဟုတ် ဆံပင်သားကြမ်းကြမ်းလား ဆိုတာ သိအောင်အရင်လုပ်ပါ။

၎။ မိမိရဲ့ နေပုံထိုင်ပုံ မိမိဆံပင်ပုံစံကို မိမိဘဝနေထိုင်မှုပုံစံနဲ့ လိုက်ဖက်ပါ့မလား ထည့်စဉ်းစားခြင်း

မိမိဟာ တစ်ချိန်လုံးလျှောက်သွားနေသူလား။ မိမိဆံပင်က အပြင်ထွက်ခါနီး ပုံသွင်းရ၊ ပြင်ဆင်ရနဲ့ ကိုယ့်ရဲ့အချိန်တွေကို ဖြုန်းတီးစေပါသလား။ ဒါတွေကို အလှပြင်ဆိုင်မသွားခင် အဆင်သင့်ပြင်ဆင်ထားပါ။

၅။ အလှပြင်ဆရာဆီ ကိုယ်လိုချင်တဲ့ ဆံပင်ပုံစံကို ဓါတ်ပုံနဲ့ ယူလာပြခြင်း

အဲဒီလိုနည်းဖြင့် မိမိနဲ့လိုက်ဖက်မှုရှိမရှိ ဆွေးနွေးနိုင်ပါတယ်။

၆။ အဆင့်သင့်ဖြစ်နေခြင်း

ဆံပင်ပုံစံ အသစ်ပြောင်းဖို့ အဆင်သင့်ဖြစ်နေပါစေ။ ဆံပင်အရှည် သိသိသာသာ ညှပ်ထုတ်လိုက်ပါက ပြောင်းလဲမှုတွေကို အဆင်သင့် လက်ခံနိုင်အောင် လုပ်ပါ။ ပြန်ရှည်လာဖို့ဆို အချိန်ကြာနေမှာမို့ ဆံပင်ပုံစံသစ် တကယ်လိုချင်လားဆိုတာ သေချာပါစေ။

Ref: Wellnessbin

https://www.facebook.com/royalheromedia/photos/a.452811328083074.110728.452793

အမျိုးသားသန္ဓေအောင်ခြင်းကို ထိခိုက်စေမည့်အကြောင်းများ


                                   

အမျိုးသားတွေရဲ့  အသက်ရှင်နေစဉ်ကာလအတွင်း ကျားအင်္ဂါဇာတ်က သုက်သွေးတွေထုတ်ပေးနိုင်တဲ့စွမ်းရည်ကို အစကနဦး တည်းကပင် သဘာဝအလျောက်ပြဌာန်းထားပြီးသား ဖြစ်ပါတယ်။ တချို့ မှာ မွေးရာပါအင်္ဂါဇာတ်ရောဂါအမျိုးမျိုး (ဥပမာ သုက် ရည်ပြွန်၊ ဝှေးစေ့၊ ကပ္ပါယ်အိတ် ရောဂါပြဿနာ) တို့ ကြောင့် မည်သို့ ပင် ခွဲစိပ်ပြုပြင်၍ ပဋိဇီဝဆေးဝါးမှီဝဲပါသော်လည်း ဘ၀ တစ်သက်တာအတွက် ဖခင်ဖြစ်ခွင့်မရှိနိုင်ပါဘူး။ တချို့ ကတော့ မွေးရာပါ ကျားစွမ်းဆောင်ရည် ချို့ ယွင်းချက်မရှိသော်လဲ၊ အနေ အထိုင် စားသောက်မှု အမူအကျင့်များ မှားယွင်းမှုကြောင့် ကျားစွမ်းဆောင်ရည်ပျက်စီးသွားကာ သန္ဓေမအောင်ခြင်းပြဿနာ နှင့် ကြုံတွေ့ လာရပါတယ်။ အောက်ပါ အကြောင်းရင်းများကို လေ့လာမှတ်သား၍ သတိပြုဆင်ခြင်သင့်ပါတယ်။
(၁) အရက် အလွန်အကျုးသောက်ခြင်း
၄၈ နာရီအတွင်းမှာ အရက်ရှစ်ပုလင်းထက် ပိုသောက်မိပါက သုက်သွေးထုတ်လုပ်မှုမှာ အဆိပ်သင့်စေပါတယ်။ ဘီယာထဲရှိ အပင်မှရသော အက်စထရိုဂျင်ဟာ အမျိုးသမီးဟိုမုန်းတွေကို ဟန်ဆောင်အတုအပလုပ်နိုင်ပြီး၊ အမျိုးသားတွေမှာတော့ သန္ဓေ မအောင်နိုင်စေတော့ပါဘူး။ ဒါကြောင့် အမျိုးသား အမျိုးသမီးအားလုံးအတွက် ကောင်းကျိုးမပြုတဲ့ အရက်သေစာများကို လွန် ကဲစွာသောက်သုံးခြင်းမှ ရှောင်ကျဉ်ပါ။

(၂) ကော်ဖီ
လေ့လာ စမ်းစစ်ချက်များအရ၊ ကော်ဖီက အမျိုးသမီးတွေရဲ့  သန္ဓေအောင်မြင်မှုကို လျော့နည်းစေသော်လဲဘဲ၊ အမျိုးသားတွေ ရဲ့ သုက်သွေးထုတ်လုပ်မှုကိုတော့ လှုံ့ ဆော်ပေးနိုင်တယ်လို့ ဆိုထားပါတယ်။ သို့ သော် ဘက်စုံကျန်းမာရေး ကောင်းမွန်စေဖို့  အတွက်၊ အရွယ်ရောက်ပြီးသူ အမျိုးသားတိုင်းဟာ တစ်နေ့ လျှင် ကော်ဖီ ၃-ခွက်ထက် ပို၍မသောက်သင့်ပါဘူး။ ကဖိန်းဓာတ် ပါသော ကိုလာအချိုရည်များဟာလည်း ထိုနည်း၎င်းဘဲ ဖြစ်ပါတယ်။

(၃) ဆေးလိပ်သောက်ခြင်း
ဆေးလိပ်သောက်ခြင်းဟာ (က) သုက်ကောင်ရဲ့ အမြှေး(ခေါ်)အပေါ်ယံအလွှာ မင်ဘရိန်းကိုဖျက်ဆီးပစ်ပါတယ် (ခ) အမမျိုးဥ ဆီ သို့  အရောက်ရွေ့ လျာနိုင်တဲ့ စွမ်းရည်ကိုလည်း ဖျက်ဆီးပစ်ပါတယ် (ဂ) ကျန်းမာတဲ့ သုက်သွေးထုတ်လုပ်မှုအတွက် လွန်စွာ အရေးပါတဲ့ ဗီတာမင်စီကိုလည်း ထိခိုက်ဆုံးရှုံးစေပါတယ်။

(၄) ရေပူချိုးခြင်း
ရေပူထဲမှာ စိမ်၍ ချိုးခြင်းက ကျန်းမာတဲ့သုက်သွေးထုတ်လုပ်မှုကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ရေပူထဲမှာ အကြာကြီးထိုင်၍ စိမ်ချိုးခြင်းမျိုးမှ ရှောင်ကျဉ်ပါ။ ကွန်ပြူတာလပ်ပ်တော့ပ်(lap top) ကို ပေါင်ပေါ်တင်၍ အသုံးပြုခြင်းကလည်း အချိန်ကြာ လာတာနဲ့ အမျှ ပေါင်နှင့် လိင်အင်္ဂါများကို အပူဟပ်စေတာကြောင့် အမျိုးသားများသန္ဓေမအောင်ခြင်း နှင့် ဆက်စပ်မှုရှိနေလို့  အထူး သတိပြုသင့်ပါတယ်။

(၅) တင်းကျပ်တဲ့ အတွင်းခံအ၀တ်အစားများ
တင်းကျပ်တဲ့ အတွင်းခံဘောင်းဘီများ နှင့် ချွေးအောင်း အပူလောင်စေတတ်တဲ့ နိုင်လွန်ဘောင်းဘီမျိုးတွေကို မ၀တ်ပါနှင့်။ ဝှေး စေ့ဟာ ခန္ဓာကိုယ်ဗဟိုချက် အပူချိန်ထက်ပိုပြီး အေးနေဖို့ လိုအပ်ပါတယ်။ ဒါ့ပြင် ကပ်ပယ်အိတ်အရည်ခွံဟာ သိပ်ပါးပြီး၊ ထပ် ဆင့်ထုတ်ပေးတဲ့ အစိပ်အပိုင်းဟာလည်း အပြင်ဖက်မှာရှိနေတာကြောင့် အင်္ဂါဇာတ်ကို အပူလောင်စေတတ်ပါတယ်။

(၆) အချိန်ကြာကြာ ထိုင်ခြင်း
ဥပမာ ကားကြာကြာမောင်းနှင်ခြင်း၊ စားပွဲခုံမှာ အချိန်အကြာကြီးထိုင်ခြင်း၊ လှုပ်ရှာမှုနည်း၍ အညောင်းထိုင်ခြင်းတို့ ကလည်း အမျိုးသားများ သန္ဓေအောင်နိုင်မှု စွမ်းရည်ကို အဟန့် အတားဖြစ်စေပါတယ်။ ဒါကြောင့် ရက်သတ္တ ၁-ပတ်မှာ အနည်းဆုံး ၄-ကြိမ်ခန့်  စက်ဘီးစီး၊ လမ်းသွက်သွက်လျှောက်၊ အပြေး စတဲ့ ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းတွေ လုပ်ပေးခြင်းအားဖြင့် သွေးလည် ပတ်မှုကောင်းလာစေပြီး ကျန်းမာတဲ့ သုက်သွေးထုတ်လုပ်မှုကို အထောက်အပံ့ဖြစ်စေနိုင်ပါတယ်

(၇) စိတ်ဖိစီးမှုများခြင်း
စိတ်ဖိစီးမှုများလာတဲ့အခါမှာ ခန္ဓာကိုယ်က ကော်တီဆောဟိုမုန်းတွေ အလိုအလျောက်စိမ့်ထွက်လာပါတယ်။ ၄င်းဟိုမုန်းတွေက သုက်သွေးထုတ်လုပ်မှုကို အဟန့် အတားဖြစ်စေပါတယ်။

(၈) ပြည့်ဝဆီတွေ စားသုံးခြင်း
ဝက်ဆီ၊ အမဲဆီ၊ ကြက်ဘဲ အရေခွံ စတဲ့ တရိစ္ဆာန်မှထွက်ရှိတဲ့ အဆီများ နှင့် ထပ်ခါထပ်ခါပြန်ကြော်ထားတဲ့ အဆီများကို စား သုံးပြီးနောက်၊ ခန္ဓာကိုယ်ထဲရောက်သွားတဲ့အခါ ၄င်းအဆီများက ခဲဆိပ်သတ္တုတွေအဖြစ် ဓာတ်ပြောင်းလဲသွားပြီး သန္ဓေသားအောင် ခြင်းကို ကြီးစွာသော အနှောင့်အယှက်ဖြစ်စေပါတော့တယ်။

(၉) သင့်လျော်တဲ့အစားအစာများ မှီဝဲခြင်း
အထက်ပါ သွားလာနေထိုင်စားသောက်မှုပုံစံ မှားယွင်းခြင်း၏ နောက်ဆက်တွဲပြဿနာအဖြစ် သုက်သွေးရဲ့  ဒီအင်န်အေ(DNA) ကို ပျက်စီးစေနိုင်ပါတယ်။ ထိုပြဿနာမှ ကြိုတင်ကာကွယ်ထားတဲ့အနေဖြင့် အမျိုးသားကျန်းမာရေးအတွက် သင့်လျော်တဲ့အစား အစာတွေကို စားပေးသင့်ပါတယ်။ (က) သွပ်ဓာတ်ကြွယ်ဝတဲ့ အစားအစာများဖြစ်ကြသော အဆီမပါတဲ့ အနီရာင်အသား၊ ဂျုံကြမ်း၊ ပုစွန်ထုပ်၊ သစ်သီး သစ်ဥ သစ်ဖု၊ အစေ့အဆံ နှင့် မြေပဲများ (ခ) ဖောလစ်အက်ဆစ်ကြွယ်ဝတဲ့ အစားအစာ များဖြစ်ကြသော အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များ၊ (ဂ) ဓာတ်တိုးဆန့် ကျင်ပစ္စည်းတစ်မျိုးဖြစ်သော ဆီလီနီယမ် ဓာတ်ကြွယ် ၀တဲ့ အစားအစာများဖြစ်ကြတဲ့ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ စပျစ်သီးများ (ဃ) ပရိုတင်းဓာတ်ကြွယ်ဝတဲ့ ကြက်ဥ အနှစ် တို့ ကို စားသုံးပါ။ (င) ဖော်ပြပါ အစားအစာများအပြင် လိုအပ်ပါက ဆရာဝန်နှင့် တိုင်ပင်၍ ဗီတာမင်စီ၊ ဗီတာမင်ဒီ နှင့် ဗီတာမင်အီး ဆေးဝါးတို့ ကို ဖြည့်စွက်စာအဖြစ် သောက်ပါ။

(ဆောင်းပါးရှင်…ပေါက်ပေါက်..ရေးသားမျှဝေသည်)

https://www.facebook.com/412708912225245/photos/a.412718802224256.1073741828.

၈ နာရီထက် ပိုအိပ်ခြင်းဟာ အသက်အန္တရာယ်ကိုပါ ထိခိုက်စေနိုင်




အိပ်ရေးမဝဖြစ်မှာ စိုးတာကြောင့် ကျွန်ုပ်တို့အများစုဟာ အချိန်ကို အများကြီးသုံးပြီး အိပ်ကြပေမယ့် အအိပ်လွန်သွားရင် ပိုလို့တောင် အန္တရာယ်များနိုင်ပါတယ်။ Warwick တက္ကသိုလ်က သုတေသီတွေက အိပ်ပျော်ခြင်းနဲ့ ပတ်သက်လို့ ဒေတာအချက်အလက် အပါအဝင် လူတစ်သန်းကျော်ကို လေ့လာမှု ၁၆ ခုကို ခွဲခြမ်းစိတ်ဖြာ လေ့လာခဲ့ပါတယ်။

၈ နာရီထက် ပိုအိပ်တဲ့သူတွေဟာ ၆ နာရီမှ ၈ နာရီကြာ အိပ်သူတွေထက် သေဆုံးနိုင်တဲ့ အန္တရာယ် ပိုများကြောင်း ပါမောက္ခ Franco Cappuccio က တွေ့ရှိခဲ့ပါတယ်။ ဘယ်လောက်ကြာကြာ အိပ်တယ်ဆိုတဲ့အပေါ် လူတွေသေဆုံးမှုကို အသေးစိတ် ခွဲခြမ်းစိတ်ဖြာပြီး အချိန်ကြာ လေ့လာမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

၁၀ နှစ်ကြာပြီးနောက်… ၆ နာရီထက် ပိုလျော့အိပ်တဲ့ လူ ၁၂% သေဆုံးကြတယ်။ ဒါပေမယ့် ၈ နာရီထက် ပိုအိပ်တဲ့သူတွေ ၃၀% ကလည်း သေဆုံးကြတယ်။ ဒီလိုကြောင့် အသက်သေနိုင်တဲ့ အန္တရာယ် မြင့်တက်လာခြင်းဟာ တစ်နေ့ ကော်ဖီ ၇ ခွက်သောက်လို့ ဖြစ်တဲ့ အန္တရာယ်နဲ့ အတူတူပင်ဖြစ်တယ်လို့ သုတေသီတွေက သတိပေးထားပါတယ်။ ညမှာ ၈ နာရီထက် ပိုအိပ်သူတွေဟာ အဲ့ဒီထက်ကြာကြာ ပိုအိပ်စေတဲ့ ပြင်းထန်တဲ့ ရောဂါတစ်မျိုး ရရှိနိုင်တယ်လို့လည်း ယူဆထားပါတယ်။

Ref: Metro

စေ့စပ်ပြီးသား လူတွေရဲ့ ပြောင်းလဲသွားတတ်တဲ့ အမူအကျင့်များ

 
လူတစ်ယောက်ဟာ အိမ်ထောင်မပြုသေးခင် စေ့စပ်လိုက်ပြီဆိုကတည်းက အနေအထိုင်၊ အပြုအမူ၊ အတွေးအခေါ်တွေ ပြောင်းလဲသွားတတ်ကြပါတယ်။ အဲ့ဒီလို ပြောင်းလဲသွားတဲ့အရာတွေထဲက တစ်ချို့ကို ထုတ်နုတ်ကြည့်ရရင်

၁။ကိုယ်စိတ်ကူးထားတဲ့အရာတွေကို လက်တွေ့စတင်လုပ်ဆောင်တော့တာပဲ။ အိမ်ထောင်မပြုရသေးပေမယ့် အိမ်ထောင်ကျသွားသလိုကို ကလေးဘယ်နှစ်ယောက်ယူမယ်၊ ငွေကို ဘယ်လိုစုမှ ဖြစ်မယ် စသဖြင့် တွေးတောလာကြပြီမို့ ပြုမူနေကျ အမူအကျင့်တွေကို ပြောင်းလိုက်ကြပါတယ်။

၂။အရင်က သီးခြားနေတတ်တဲ့ ကိုယ့်ချစ်သူရဲ့ မိသားစုနဲ့ ရောရောနှောနှော နေရပါပြီ။ ဟိုဘက်က ကိုယ့်ချစ်သူရဲ့ မိဘတွေကိုတောင် မေမေ၊ ဖေဖေလို့ တရားဝင် ခေါ်ဝေါ်လာကြတဲ့အထိပါပဲ။

၃။ကိုယ့်သူငယ်ချင်းက သူ့သူငယ်ချင်း၊ သူ့သူငယ်ချင်းတွေနဲ့လည်း အရင်ထက် ပိုရင်းနှီးလာပါတယ်။ ညဘက် ဘီယာဆိုင် သွားထိုင်ရင်တောင် ကိုယ်က ဘေးနားကပ်ပါတတ်နေပြီလေ။

၎။အလုပ်တွေ ပိုရှုပ်လာသလို ခံစားလာရမယ်။ အစက တစ်ယောက်တည်းမို့ တစ်ကိုယ်စာပဲ တွေးတတ်ခဲ့ပေမယ့် ခုတော့ သူ့အတွက်၊ သူ့မိသားစုကိစ္စတွေပါ ခေါင်းထဲထည့်ထားရတော့မယ်။

၅။ငွေရေးကြေးရေးမှာလည်း နှစ်ယောက်သား အရင်ထက်ပိုပြီး မျှမျှတတသုံးစွဲတတ်လာမယ်။

၆။မင်္ဂလာဆောင်အတွက် ခေါင်းခြောက်ရတာတွေကြောင့် စိတ်ဖိစီးမှုတောင် ဖြစ်နိုင်ခြေ ရှိလာပါတယ်။

၇။အသိုင်းအ၀ိုင်းက ကျယ်ပြန့်လာပြီဆိုတော့ ကိုယ့်လူဘက်က သူငယ်ချင်းတွေရဲ့ပွဲတွေ၊ ဒင်နာ၊ ပါတီတိုင်း ကိုယ်လိုက်ရပြီသာမှတ်။

၈။အရင်လို နှစ်ယောက်သား ကြည်ကြည်နူးနူး ဒင်နာထွက်စားတာမျိုး၊ ညဘက် night out လုပ်တာမျိုး၊ ရှော့ပင်သွားတာမျိုးတွေ လျှော့ချလာရပြီလေ။ ပိုက်ဆံစုရတော့မှာကိုး။

၉။စေ့စပ်ပြီးတဲ့သူတွေဟာ လက်ထပ်လိုက်သူတွေလိုလည်း စိတ်ဒုန်းဒုန်းမကျနိုင်သေးဘဲ ကိုယ့်ရင်ထဲမှာလည်း ငါဟာ ခုဆို အရင်လို မဟုတ်တော့ဘူး။ စေ့စပ်လိုက်ပြီဆိုတဲ့ အတွေးနဲ့ နည်းနည်း စိတ်ကစဉ့်ကလျား ဖြစ်နေတတ်ပါတယ်။ နားထောင်တဲ့ သီချင်းတွေတောင် ပြောင်းလဲသွားတဲ့ အထိပါပဲတဲ့။

၁၀။ကိုယ့်ချစ်သူကို ကိုယ့်ယောင်္ကျားလို ကိုင်တွယ်ဖို့အတွက် ဘာတွေပြောင်းလဲပစ်ရမလဲဆိုတဲ့ အချက်တွေကိုလည်း မကြာခဏ စဉ်းစားနေပြီလေ။
 
Related Posts Plugin for WordPress, Blogger...