စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဘာမှ မပြောဘဲနေတာ မကောင်းတဲ့အချိန် (၃)ချိန်

play

၁ - သူ့ပြဿ     နာကို ကိုယ့်ပြဿ     နာလုပ်ပြီး သင့်ကို အပြစ်တွေတင်နေတဲ့အချိန်မျိုးမှာ မပြောဘဲ ငြိမ်မနေသင့်ပါဘူး။ အခြေအနေကို အမြန်ဆုံးပြီးစေချင်တာကြောင့် သင့်ဘက်က ငြိမ်နေတယ်ဆိုပေမဲ့ အခြေအနေကို အမှန်အတိုင်းသိမြင်အောင် တစ်ဖက်လူကို ပြန်ရှင်းပြသင့်ပါတယ်။ ဒီလိုမှ မဟုတ်ရင်တော့ သူတို့ကိုယ်တိုင် အပြစ်မရှိဘူးလို့ ထင်လာပြီး သင့်ကိုနိုင်တာ အကျင့်ဖြစ်သွားပါလိမ့်မယ်။
play

၂ - သင့်ကို ဒုက္ခပေးရုံသက်သက်ရည်ရွယ်ပြီး လုပ်နေတယ်ဆိုရင် မပြောဘဲ ငြိမ်မနေသင့်ပါဘူး။  ဘာအကြောင်းမှမရှိဘဲ သင့်ကို လိုက်လံတိုက်ခိုက်နေတာဟာ သင့်အတွက် လက်ခံဖို့ ခက်ပါတယ်။ သူတို့ ဒီလို လိုက်တိုက်ခိုက်နေတာကို လက်ခံထားတယ်ဆိုပေမဲ့ သင်မကြိုက်ဘူး ဆိုတာတော့ သူတို့သိအောင် ပြထားသင့်ပါတယ်။
play

၃ - နားလည်မှုလွဲတဲ့အခါမျိုးမှာလည်း ငြိမ်မနေသင့်ပါဘူး။ သူတို့က သင့်အတွက်ကောင်းတယ်ထင်လို့ ဒီလိုပြုမူနေကြတာ ဖြစ်ပြီး သင်ကလည်း ဘာမှမပြောတဲ့အခါ အဆင်ပြေတယ်လို့ ထင်သွားတတ်ကြပါတယ်။ ဒီအခါမျိုးမှာလည်း သင့်ဘက်က အဆင်မပြေကြောင်း ပြောထားသင့်ပါတယ်။
***ဘယ်အရာကိုပဲ ပြောပြော တည်ငြိမ်စွာ ပြောသင့်ပါတယ်။ အလွန်အကျွံခံစားတာမျိုး မလုပ်သင့်ပါဘူး။
Photos & Source: Lifehack
 http://www.duwun.com.mm/lifestyle/relationships/-id5510012.html?utm_source=facebo

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...